Monday, February 27, 2012

အမျိုးသမီးများ ကမ္ဘာကြီးကိုဦးဆောင်တဲ့အခါ (မောင်မောင်ဝမ်း)

အမျိုးသမီးတွေသာ ခေါင်းဆောင်ဖြစ်လာမယ်ဆိုရင် ... ကမ္ဘာကြီးဟာ ပိုမိုလို့ငြိမ်းချမ်းလာမလားဆိုတဲ့ မေးခွန်းကို … ဟားဗတ်တက္ကသိုလ်က စိတ်ပညာရှင်တဦးဖြစ်တဲ့ .. စတီဗင်ပင်ကာ(Steven Pinker) ဖြေကြားခဲ့တာ ကတော့ ... မှန်ပါတယ်တဲ့ …။

ပင်ကာ … ရေးသားခဲ့တဲ့ (In The Better Angels of Nature) ဆိုတဲ့စာအုပ်မှာ … လူသားအကြမ်းဖက်မှုတွေဟာ (ဒီကနေ့ အများကြီးရှိနေသေးပေမယ့်) တဖြည်းဖြည်းနဲ့ ကျဆင်းနေပြီဆိုတာကို အချက်လက် အကိုးအကားများနဲ့ တင်ပြထားပါတယ်။ အမျိုးသမီးတွေဟာ အကြမ်းဖက်မှုကို မလိုလားတဲ့ အင်အားစုတွေဖြစ်နေတယ်ဆိုတာကိုလည်း ပြောဆိုခဲ့ပါတယ်။ 

အစဉ်အလာစစ်ပွဲတွေဟာ .. အမျိုးသားများ ဖန်တီးခဲ့တဲ့ စစ်ပွဲများသာဖြစ်ပြီး … လူမျိုးနွယ်စု အမျိုးသမီးများဟာ ဘယ်တော့မှ ပတ်ဝန်းကျင်ဒေသတွေကို .. ဝင်ရောက်စီးနင်း တိုက်ခိုက်သိမ်းပိုက်ဖို့ကို မလုပ်ဆောင်ခဲ့ပါဘူး။ မိခင်များအဖြစ် … သူတို့ရဲ့ရင်သွေးငယ်တွေကို ထိန်းသိမ်းစောင့်ရှောက်ရမယ်၊ မျိုးဆက်များကို လက်ဆင့်ကမ်းရမယ်ဆိုတဲ့ သဘာဝအသိတွေဟာ … ငြိမ်းချမ်းတဲ့ အခြေအနေအရပ်ရပ်ကို စောင့်ရှောက်သလို ဖြစ်နေပါတယ်။

ပင်ကာရဲ့အဆိုကို လက်မခံသူများကတော့ ချက်ခြင်းဆိုသလို တုံ့ပြန်ခဲ့ကြပါတယ် … ဘာ့ကြောင့်လဲဆိုတော့ သာမာန်အားဖြင့် … အမျိုးသမီးများဟာ စစ်ပွဲတွေကို … မဖန်တီးခဲ့ပါဘူး … ဒါကလည်း သူတို့မှာ အာဏာဆိုတာ ... မရသလောက်နီးပါးရှိနေတာမို့ပါ။ တကယ်လို့များ သူတို့သာ အာဏာအပြည့်အဝရှိတဲ့ ခေါင်းဆောင်တွေသာ ဖြစ်မယ်ဆိုရင် ယောက်ျားတွေပြုမူဆောင်ရွက်ခဲ့ကြတဲ့ အခြေအနေအရပ်ရပ်လိုပဲ … သူတို့ ... လုပ်ခဲ့မှာ မလွဲပါဘူး မာဂရက်သက်ချာ၊ ဂိုဒါမီယာ၊ အင်ဒီယာဂန္ဒီ တို့ဆိုတာ အာဏာ အပြည့်အဝရခဲ့ဖူးတဲ့ အမျိုးသမီးခေါင်းဆောင်တွေပါ။ သူတို့ ခေါင်းဆောင်ဘဝမှာ သူတို့နိုင်ငံက စစ်ပွဲတွေကို ဦးဆောင်ခဲ့ပါတယ် တဲ့။

အမျိုးသားတွေနဲ့ ယှဉ်ပြိုင်ကစားနေရတဲ့ ... နိုင်ငံရေးဇာတ်ခုံပေါ်မှာ … အဆိုပါ ပြောဆိုချက်များဟာလည်း မှန်ပါတယ် …။ ဒီလို စွမ်းဆောင်ချက်တွေကပဲ … အမျိုးသမီးတွေဟာ ... အမျိုးသားများနဲ့နည်းတူ ခေါင်းဆောင်ဘဝမှာ နေရာရနိုင်ဖို့ အရည်အသွေးတွေ မဟုတ်ပါလား။ ခေါင်းဆောင်နေရာမှာ အမျိုးသမီးများဟာ အမျိုးသားများနဲ့ ဒွန်တွဲ တာဝန်ယူဆောင်ရမယ်ဆိုရင်တောင်မှ သူတို့ရဲ့ဆောင်ရွက်ချက်များဟာ ခြားနားနေပါလိမ့်မယ်။

ဒီကိစ္စဟာ ကျယ်ကျယ်ပြန့်ပြန့် မေးခွန်းအဖြစ်ရှိနေဆဲပါ … ခေါင်းဆောင်မှုအခန်းကဏ္ဍမှာ အမျိုးသား၊ အမျိုးသမီးဆိုတဲ့အရာဟာ တကယ့်ကို ကိစ္စတခုအဖြစ်တည်ရှိနေဆဲပဲလား ..? သမရိုးကျအခြေအနေမှာ အမျိုးမျိုးသော စိတ်ပိုင်းဆိုင်ရာ လေ့လာတွေ့ရှိချက်များက ပြသနေတာကတော့ ... အမျိုးသားတွေဟာ … အာဏာကို ခက်ထန်ထန် ကိုင်တွယ်တတ်တဲ့သဘောရှိပြီး … အမျိုးသမီးများကတော့ … စည်းရုံးဆွဲဆောင်မယ်၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင် နားလည်မှုရအောင် ကြိုးစားဆောင်ရွက်မယ်၊ ပျော့ပျော့ပြောင်းပြောင်း ကိုင်တွယ်မယ်ဆိုတဲ့ … သဘောသဘာဝတွေ ရှိနေပါတယ်။ အမေရိကန်တွေဟာ ခက်ထန်တတ်တဲ့ အမျိုးသား စရိုက်လက္ခဏာ ခေါင်းဆောင်မှုကို ဦးညွတ်တတ်ပါတယ်။ သို့သော် မကြာခင်က … ခေါင်းဆောင်မှု့နဲ့ပတ်သက်ပြီး လေ့လာတွေ့ရှိချက်များက ပြသနေတာကတော့ … တခါက စဉ်းစားခဲ့ဖူးကြတဲ့ အမျိုးသမီးတို့ရဲ့သဘာဝပုံစံ စဉ်းစားတွေးခေါ် လုပ်ဆောင်ချက်များဟာ များပြားအောင်မြင်နေတယ်ဆိုတာပါပဲ။

ယောက်ျားဆန်ဆန်

လူ့အဖွဲ့အစည်းအတွင်းက သတင်းအချက်လက်များကို အခြေခံကြည့်တဲ့အခါ … အချင်းချင်း လက်တွဲ လုပ်ဆောင်နေမှုများဟာ ဝါစဉ်ကြီးငယ်လိုက် အစားထိုး လုပ်ကိုင်တတ်ကြတယ်၊ ပညာလုပ်သားများဟာ ... အမိန့်နာခံမှုနည်းတယ်၊ အဖွဲ့အစည်းများရဲ့ ကျယ်ပြန့်တဲ့ စီမံခန့်ခွဲမှုများဟာ ခွဲဝေကျင့်သုံးနေရတဲ့ ခေါင်းဆောင်မှုအခန်းကဏ္ဍများကြောင့် ပိရမစ်ပုံစံခေါင်းဆောင်မှုထက် အပြောင်းအလဲတွေ ဖြစ်နေရတယ်၊ Google CEO Eric Schmidt ကဆို ဘယ်လိုပြောသလဲဆိုတော့ … သူရဲ့အလုပ်သမားတွေကို ဖူးဖူးမှုတ်နေရပါတယ်တဲ့ …။

စစ်တပ်တောင်မှ ဒီလိုအပြောင်းအလဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အမေရိကန်ပြည်ထောင်စု ပင်တဂွန် စစ်ဌာနချုပ်က ပြောတာကတော့ စစ်တပ်ခေါင်းဆောင်များတောင်မှ အော်ဟစ်ပြောဆိုခြင်းများကို အနည်းဆုံး လုပ်ဆောင်နေရပါတယ်တဲ့ … ဘာလို့လဲဆိုတော့ … ဒီနေ့မျိုးဆက်သစ်များဟာ အရည်အသွေး ပြည့်မီပါတယ် ဆိုတဲ့ သင်တန်းဆရာများထက် ပိုမို ကောင်းမွန်တဲ့အရာတွေ တုံ့ပြန်နိုင်ကြလို့ပဲ ဖြစ်ပါတယ်။

အမေရိကန် သမ္မတဟောင်း ဂျော့ဒဗလျှူဘွတ်ရှ် တခါက … ဆုံးဖြတ်ချက်ချရတဲ့သူတစ်ယောက်ဖြစ်တဲ့ သူ့ရဲ့ အခန်းကဏ္ဍကို ရှင်းပြခဲ့ဖူးပါတယ်။ ခေတ်မီတဲ့ခေါင်းဆောင်တစ်ယောက်ဆိုတာ … ကွန်ယက်တွေကို အသုံးပြုနိုင်ရမယ်၊ ပူးပေါင်းဆောင်ရွက်နိုင်ရမယ်၊ ပူးပေါင်းပါဝင်သူများကို အားပေးနိုင်ရမယ်လို့ ပြောပါတယ်။ ဝါစဉ်ကြီးငယ်လိုက် ဆက်ခံရမယ်ဆိုတဲ့ အစဉ်လာသမားများမဟုတ်တဲ့ အမျိုးသမီးများရဲ့စတိုင်များနဲ့ ဆက်ဆံရေး ကျွမ်းကျင်မှုများဟာ ပညာကိုအခြေခံတဲ့ အဖွဲ့အစည်းများက ခေါင်းဆောင်များအတွက် လိုအပ်နေတဲ့ လိုအပ်ချက်များနဲ့ အံဝင်ဂွင်ကျဖြစ်နေတာကို တွေ့နေရပါတယ်။

အတိတ်ကာလက … အမျိုးသမီးများဟာ ... အဖွဲ့အစည်း ဦးဆောင်မှုအခန်းကဏ္ဍကို တိုက်ခိုက်ပြီဆိုရင် … အမျိုးသားများဟာ … ယောက်ျားဆန်တယ်ဆိုတဲ့စကားနဲ့ တုံ့ပြန်လေ့ရှိပါတယ် … (ဒါဟာ … လူမှုဆောင်ရွက်ချက်များကို လုပ်ဆောင်နေတဲ့ အမျိုးသမီး သီလရှင်များကို စော်ကားလိုက်သလိုလည်း ဖြစ်ပါတယ်)။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ် … အောင်မြင်စွာ ခေါင်းဆောင်နိုင်ဖို့ဆိုတာ … အမျိုးသားများဟာ … အမျိုးသမီးများရဲ့ ပြုမှုဆောင်ရွက်လေ့ရှိတဲ့ သဘောသဘာဝများကို တန်ဖိုးထားတတ်ရုံမက … အဲဒီ့အရည်အသွေးတွေအတွက် ကျွမ်းကျင်အောင် လုပ်ယူဖို့ပဲ ဖြစ်ပါတယ်။


ဒါဟာ … အချက်အလက် မဟုတ်ပါ … ဦးတည်ရာမဲ့လမ်းကြောင်းဖြစ်ပါတယ်။ အမျိုးသမီးများဟာ ခေါင်းဆောင်မှုအခန်းကဏ္ဍမှာ နောက်ကျကျန်ရစ်နေဆဲပဲဖြစ်တယ်။ အားလုံးကို လွှမ်းခြုံကြည့်မယ်ဆိုရင် ပျမ်းမျှအားဖြင့် အမျိုးသမီးထုရဲ့ ငါးရာခိုင်နှုန်းလောက်သာ … ခေါင်းဆောင်ပိုင်းနေရာကို ရောက်ရှိခဲ့ပါတယ်။ (အမေရိကန်ပြည်ထောင်စုမှာဆိုရင် ၁၆ ရာနှုန်းသာ အမျိုးသမီး ဦးဆောင်မှုရှိပါတယ် … ၄၅ ရာနှုန်းလောက်ရှိတဲ့ ဆွီဒင်နဲ့ နှိုင်းယှဉ်ကြည့်ပါ)၊ ၂၀ ရာစု လွတ်လပ်တဲ့နိုင်ငံများရဲ့ အုပ်ချုပ်သူ ၁၉၄၁ ဦးကို လေ့လာကြည့်တဲ့အခါ အမျိုးသမီး … ၂၇ ဦးပဲ တွေ့ရပါတယ်။ အကြမ်းဖျဉ်းအားဖြင့် အဲဒီ့ထဲကတဝက်ဟာ … အုပ်ချုပ်သူအမျိုးသားများရဲ့ အမျိုးသမီး (မုဆိုးမ) နဲ့ သမီးတွေသာ ဖြစ်ပါတယ်။

အမျိုးသမီး ကမ္ဘာကြီး

သတင်းခေတ်ကြီးမှာ အမျိုးသမီးများရဲ့ကဏ္ဍဟာ တဖြည်းဖြည်းနဲ့ ကြီးမားလာပါပြီ။ ဘာလို့များ အမျိုးသမီးတွေဟာ ပိုမိုကောင်းမွန်အောင် မလုပ်နိုင်ရမှာလဲ?... အတွေ့အကြုံအားနည်းမှု၊ အခြေခံတာဝန်ယူ စောင့်ရှောက်တတ်မှု၊ ခွဲခြားဆက်ဆံတတ်မှုများမှတဆင့် ကျားမ ကွာဟချက်များကို ရှင်းပြ အကူညီပေးဖို့ ဖြစ်လာပါတယ်။ အစဉ်အလာလမ်းကြောင်းများ၊ ယဉ်ကျေးမှုများနဲ့ သူတို့ကို တွန်းအားပေးဖို့ တည်ဆောက် ဖန်တီးမှုများဟာ အဖွဲ့အစည်းများမှာ ... အမျိုးသမီးများရဲ့ကဏ္ဍ ခေါင်းဆောင်ပိုင်းနေရာမှာရှိနေနိုင်ဖို့ … (သူတို့ရဲ့ ကျွမ်းကျင်ပိုင်နိုင်မှုများကို သာမန်အားဖြင့် မစွမ်းဆောင်နိုင်သလိုဖြစ်သွားပါလိမ့်မယ်)။

ဒီမိုကရေစီ လူ့အဖွဲ့အစည်းများမှာတောင်မှ အမျိုးသမီးများဟာ အမျိုးသားများထက် လူမှုစွန့်စားခန်းများနဲ့ ကြုံတွေ့ရတတ်တယ်လို့ သုတေသနတွေက ဖော်ပြနေပါတယ်။ ဘာလို့လဲဆိုတော့ … အမျိုးသားများဟာ အစဉ်လာအားဖြင့်ကို … အမျိုးသမီးများအပေါ် လွှမ်းမိုးချုပ်ကိုင်လိုတဲ့ သွင်ပြင်များက … အရှိန်အဖြစ် ကျန်ရစ်နေဆဲမို့ပါ။ ဒီအတားအဆီးများကိုတော့ ကျော်ဖြတ်ရပါလိမ့်မယ်။ အမျိုးသားများသာလျှင် အရာရာကို ဦးဆောင်ရမယ်ဆိုတဲ့ … အစဉ်အလာ အတားအဆီးကြီးက သတင်းခေတ်ကြီးမှာ ပုတ်သိုးဆွေးမြေ့နေပါပြီ။ ခေါင်းဆောင်များဟာ … ပူးပေါင်းပါဝင် ဆောင်ရွက်အားပေးရမယ့်အစား အမိန့်ဆန်ဆန် … လုပ်ဆောင်မှုများ ရှုမြင်သုံးသပ်ချက်များကို နည်းအောင် သုံးသပ်သင့်ပါတယ်။ အမာနဲ့ အပျော့ ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ် အသုံးပြုခြင်းဟာ အမျိုးသားများရော အမျိုးသမီးများအတွက်ပါ အဆင်ပြေ ချောမွေ့စေပါတယ်။ အစဉ်အလာ လိင်ခွဲခြားခြင်းတွေနဲ့ အရာရာကို ဖုံးအုပ်မထားသင့်တော့ပါဘူး။ တချို့ပတ်ဝန်းကျင် အခြေအနေတွေမှာ … အမျိုးသားများဟာ အမျိုးသမီးများရဲ့ စိတ်နေသဘာဝ ဆုံးဖြတ်ချက်များကဲ့သို့ ပြုမူဆောင်ရွက် လုပ်ဆောင်သင့်ပါတယ်။ အမျိုးသမီးများအတွက်ကလည်း ထိုနည်းတူစွာပါပဲ … လိုအပ်လာလျှင် အမျိုးသားများကဲ့သို့ ပြုမူဆောင်ရွက်ဖို့ လိုအပ်ပါလိမ့်မယ်။

ကျနော်တို့ အနာဂတ်ငြိမ်းချမ်းရေးနဲ့ စစ်ပွဲတွေကို ရွေးချယ်ဖို့ အဓိကသော့ချက်ကတော့ လိင်ကွဲပြားမူပေါ်မှာ အခြေမခံတော့ပဲ … အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် ခေါင်းဆောင်များဟာ လုပ်ပိုင်နိုင်ခွင့်အင်အား အပျော့ အမာများကို ဟန်ချက်ညီညီ ကိုင်တွယ်အသုံးချခြင်းဖြင့် … အကောင်းဆုံးနည်းဗျူဟာများကို ချမှတ်သွားနိုင်ဖို့ပဲ ဖြစ်တယ်။ ပင်ကာ ပြောဆိုချက်တွေဟာ မှန်ပါတယ်။ ကမ္ဘာကြီးမှာ အကြမ်းဖျဉ်းအားဖြင့် အကြမ်းဖက်မှုများ ကျဆင်းလာတယ်ဆိုတာဟာ … တကယ်တော့ အမျိုးသမီးများရဲ့အခန်းကဏ္ဍကို မြှင့်တင်အားပေးခဲ့လို့ပဲ ဖြစ်ပါတယ်။

အားလုံးကို လေးစားစွာဖြင့်
(မောင်မောင်ဝမ်း)

(Joseph S. Nye, Jr. is a professor at Harvard and author of The Future of Power. ၏ when women lead the world ကိုဆီလျှော်အောင် ဘာသာပြန်ဆိုပါသည်။)


 

No comments: