Tuesday, July 19, 2011

ဒေါ်စု အာဇာနည်ဗိမာန်သို့ နှစ်ကြိမ်သွား ဂါရဝပြု

 
ရန်ကုန်က အာဇာနည် ဗိမာန်မှာ ကျင်းပတဲ့ ၆၄ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်ဟာ ၉ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် တက်ရောက် ဂါရဝပြုခဲ့ပါတယ်။


 ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်က ဗိုလ်ချုပ် အောင်ဆန်းနဲ့တကွ အာဇာနည်ကြီးတွေဟာ ရန်ကုန်က အတွင်းဝန်များရုံးမှာ လုပ်ကြံခံခဲ့ရတဲ့ နှစ်ပတ်လည်နေ့အဖြစ် အောက်မေ့တသ ဂါရဝပြုကြတဲ့ အခမ်းအနားမှာ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုဝင်တွေ၊ နိုင်ငံရေးသမားတွေနဲ့ လူပရိသတ်တွေ ထောင်ဂဏန်းလောက် အာဇာနည်ဗိမာန်ကို လာရောက် ဂါရဝပြုခဲ့ကြပါတယ်။
 
 
 
အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သားကြီး ဦးအောင်ဆန်းဦးနဲ့ ဇနီး ဒေါ်လဲ့လဲ့နွယ်သိန်းလည်း လာရောက် ဂါရဝပြုခဲ့ကြပြီး

 
 
မြန်မာအစိုးရဘက်ကတော့ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့် တက်ရောက်ခဲ့ပါတယ်။

 
လူပရိသတ်တွေလည်း လာရောက်ခွင့်ပြုခဲ့တဲ့အတွက် NLD အဖွဲ့ဝင်တွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ဟာ နောက်ထပ် တကြိမ်လည်း အာဇာနည်ဗိမာန်ကို သွားရောက် ဂါရဝပြုခဲ့ပါတယ်။

 
 
 
တခါ NLD ပါတီရုံးမှာ ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အာဇာနည် ဆိုတာ ဘာလဲဆိုတာနဲ့ ဂါရဝပြုတယ်ဆိုတဲ့ အကြောင်းကို ရှင်းပြခဲ့ပါတယ်။
 
 
 
 
 
 
အာဇာနည်ခေါင်းဆောင်ကို ဂါရဝပြု ခေါင်းငုံ့ထားတဲ့အချိန်မှာ ခေါင်းထဲမှာ ဘာအတွေးရှိနေလဲဆိုတာကို သိပြီး ဘာကို ဂါရဝပြုနေသလဲ ဆိုတာကို တွေးကြရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရန်ကုန်က အာဇာနည်နေ့ အခမ်းအနားတွေကို အေးအေးချမ်းချမ်း ကျင်းပနိုင်ခဲ့ပေမယ့် ကော့သောင်း အပါအဝင် တချို့နယ်မြို့တွေမှာတော့ အာဏာပိုင်တွေက နှောက်ယှက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

 
သတင်း - ဘီဘီစီ၊ Photos: AP, Reuters, Getty Images

No comments: