Saturday, May 28, 2011

NDF ဒုတိယအကြိမ် ဗဟိုဦးစီးကော်မတီ အစည်းအဝေးကျင်းပ

 မေ ၂၈ ရက်နေ့က ကျင်းပခဲ့တဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ရဲ့ ဒုတိယအကြိမ်မြောက် ဗဟိုဦးစီးကော်မတီ အစည်းအဝေး က ပုံရိပ်တချို့ပါ။


 
ဒီအစည်းအဝေးကို ဗဟိုဦးစီးကော်မတီဝင် ၆၉ ဦးရှိရာမှာ ၅၀ ဦးခန့် တက်ရောက်ခဲ့ပါတယ်။

  
NDF ခေါင်းဆောင် ဦးခင်မောင်ဆွေ

အဲဒီအစည်းအဝေးကနေ NDF ရဲ့ အမြင့်ဆုံးအာဏာပိုင်အဖွဲ့ဖြစ်တဲ့ နိုင်ငံရေးဦးဆောင်ကော်မတီကို ဖျက်သိမ်းလိုက်ပြီး အမြင့်ဆုံးအာဏာပိုင်အဖွဲ့ဟာ ဗဟိုဦးစီးကော်မတီဖြစ်သွားပြီလို့ သိရပါတယ်။
ဗဟိုဦးစီးကော်မတီအောက် မူဝါဒရေးရာကော်မတီကို ပါတီခေါင်းဆောင်၊ ဒုခေါင်းဆောင်၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့နဲ့ ဖွဲ့စည်းသွားမယ်လို့ ဆိုပါတယ်။

Photos: Reuters, NDF


 

No comments: