Saturday, November 28, 2009

အာဟာရ စတိုင် (ကြည်အောင်)


နို့ညှစ် နွားမ
သူ့ အာဟာရ
နွားကလေး မစို့ရ။

တောက မြို့ပို့
နို့ဆီ ပျစ်ခဲ
ဝေ့ဝဲ မလိုင်
လက်ဖက်ရည်ဆိုင်
ထိုင်
စတိုင်ကျတဲ့ သူများပ။

ကြည်အောင်
စတိုင်သစ်၊ မတ် ၁၉၉၇

သရုပ်ဖော် - မင်းကျော်ခိုင်

No comments: