Monday, October 7, 2013
ခွင့်လွှတ်ချင်သည် ... သို့သော် (ခင်ငြိမ်းသစ်)
မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ထိပ်ဆုံးကိုရောက်ခဲ့ဖူးတယ်လို့ ပြောလိုက်ရင် အခုခေတ်လူငယ်တွေက နားထောင်ကောင်းအောင်ပြောတဲ့ပုံပြင်လို့ မှတ်ယူကောင်း မှတ်ယူနိုင်ပါတယ်။ တကယ်တော့ ပုံပြင် မဟုတ်ခဲ့ပါဘူး။ ဗမာပြည် စစ်အာဏာရှင်လက်အောက် မရောက်ခင်က ဒါမှမဟုတ် ရွှေထီးဆောင်းခဲ့စဉ်ကပါ။ ဒါပေမယ့် စစ်အာဏာရှင်လက်အောက် ရောက်ခဲ့တဲ့အချိန်ကစလို့ ကျမတို့တိုင်းပြည်ဟာ မှားယွင်းမှုတွေကြား နလံမထူနိုင်တော့တာက လက်ရှိပစ္စုပန်အချိန်အထိပဲ ဖြစ်ပါတယ်။
စစ်တပ်က အာဏာမသိမ်းမီအထိ တပ်နဲ့ ပြည်သူဟာ စိတ်ဝမ်းမကွဲကြသေးပါဘူး။ ၁၉၆၂ ခုနှစ်မတ်လမှာ တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် 7 July ကစလို့ တပ်မတော်ဟာ ပြည်သူသွေးနဲ့ ခြေဆေးခဲ့ပါတယ်။ ဦးသန့် အရေးအခင်း၊ မှိုင်းရာပြည့် စတဲ့ အရေးတော်ပုံတွေမှာ ပြည်သူဟာ တပ်မတော်အပေါ်မှာ အမြင်မကြည်လင်တော့ပါဘူး။ တပ်မတော်ဟာ စစ်အာဏာရှင်ရဲ့ အာဏာတည်မြဲရေးအတွက်ဆိုရင် ဘယ်အရာမှမှ မငဲ့ကွက်ဘူးဆိုတာကို ပြည်သူတွေ နားလည်ထားကြပါတယ်။ ၁၉၈၈ ခုနှစ်ကတော့ တပ်မတော်နဲ့ ပြည်သူတွေရဲ့ လမ်းခွဲပဲဖြစ်ပါတော့တယ်။ မြန်မာပြည်သူတွေ တပ်မတော်အပေါ် နာကျည်းခဲ့ကြပါတယ်။ တပ်မတော်နဲ့ ပြည်သူ စိတ်ဝမ်းကွဲခဲ့ကြတာ အခုဆိုရင် ၂၅ နှစ်ရှိခဲ့ပါပြီ။ ချွင်းချက်အနေနဲ့ ပြည်သူအပေါ်ထောက်ထားစာနာတဲ့ တပ်မတော်သားအချို့ပေါ်လာခဲ့သလို ပြည်သူတွေကလည်း ဒီလိုစိတ်သဘောမျိုးရှိတဲ့ တပ်မတော်သားတွေအပေါ်မှာ လေးစားချစ်ခင်ကြပါတယ်။

Saturday, October 5, 2013
Friday, October 4, 2013
မြန်မာ မယ်စကြဝဠာ ရွေးပွဲ
အောက်တိုဘာ ၃ ရက်က ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံမှာကျင်းပခဲ့တဲ့ မြန်မာကိုယ်စားပြု မယ်စကြဝဠာ ရွေးချယ်ပွဲမှာ ပြိုင်ပွဲဝင်များ ရိုးရာအဝတ်အစားနဲ့ ယှဉ်ပြိုင်စဉ်။
မယ်စကြဝဠာ အဖြစ် ရွေးချယ်ခံရသူ မိုးစက်ဝိုင် (ခါးနံပါတ် ၁၆) နဲ့ ပြိုင်ပွဲဝင်သူများ ရိုးရာအဝတ်အစားနဲ့ ယှဉ်ပြိုင်စဉ်။
ရေကူးဝတ်စုံနဲ့ ယှဉ်ပြိုင်ဆင်နွှဲကြတဲ့ ဆန်ကာတင် အယောက် ၂၀။

Thursday, October 3, 2013
ဒီမိုကရေစီပျိုးပင် (၅) - ညီစောလွင်
အလုပ်ဖြစ်တဲ့ ပြည်သူ့ဝန်ထမ်းစနစ် (Usable Bureaucracy)
ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ မှားယွင်းရုံသာမက အန္တရာယ်ရှိတဲ့ အယူအဆ တရပ်ကတော့ တဦးချင်း လွတ်လပ်မှုကို ဘောင်ချဲ့ယူဖို့အတွက် အစိုးရရဲ့အာဏာ သက်ရောက်မှုဘောင်ကို ချုံ့ပစ်ဖို့ လိုအပ်တယ်ဆိုတဲ့ စဉ်းစားချက်ပါပဲ။ စစ်အေးကာလ တလျှောက်လုံးနဲ့ စစ်အေး အလွန်ကာလမှာ လူကြိုက်များတဲ့ အယူအဆလို့လည်း ဆိုနိုင်ပါတယ်။ ဒါပေမယ့် စစ်အေး အလွန်ခေတ် ဒီမိုကရေစီအသွင်ကူးပြောင်းတဲ့ နိုင်ငံတွေကိုရဲ့အခြေအနေကို ဓမ္မဓိဌာန်ကျကျ လေ့လာတဲ့အခါမှာတော့ ဒီအယူအဆဟာ လက်တွေ့မှာ မှားယွင်တယ်ဆိုတာကို ပညာရှင်တွေက တွေ့ရှိပြီး ပြန်လည်သုံးသပ်လာကြတယ်။
အစိုးရ အာဏာနဲ့ပတ်သက်လာရင် ယျေဘုယျအနေနဲ့ (၁) တရားမဲ့ အာဏာစက် (Despotic Power) နဲ့ (၂) တရားသဖြင့် အာဏာစက် (Infrastructural Power) ဆိုပြီး နှစ်မျိုးခွဲမြင်ဖို့ လိုပါတယ်။ ဒီမိုကရေစီအခြေကျနေတဲ့နိုင်ငံတွေကို ကြည့်တဲ့အခါ တရားသဖြင့် အာဏာစက်ရဲ့ သက်ရောက်မှုက ပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေထဲအထိ ထိုးဖောက်ဖြန့်ကျက်နေတာကို တွေ့နိုင်ပါတယ်။ နိုင်ငံသားတယောက် မွေးတဲ့အချိန်ကနေ သေတဲ့အချိန်အထိ (ဥပမာ ပညာရေးမှတ်တမ်း၊ ထိမ်မြားလက်ထပ်ခြင်း၊ အိမ်ထောင်ကွဲခြင်း။ အသက်မွေးမှု၊ ဝင်ငွေ၊ အိမ်ပိုင်၊ ကားပိုင်၊ ပြည်ဝင်ပြည်ထွက်၊ ဒုစရိုက်မှု စသဖြင့်) အစိုးရရဲ့မျက်စိအောက်ကနေ မလွတ်ပါဘူး။

Wednesday, October 2, 2013
မုဆိုး ကျင့်ဝတ် (ကိုညို)
××× မြို့ပြလို့ပြောကြလဲ အမှန်တကယ်တမ်းတို့ ×××
တောနက်ကြီးတခုလိုပါပဲ ×××
ငါကိုယ်တိုင် မသေချာတယ်၊
ဘယ်လိုမှန်းတို့ ××× မုဆိုးဖြစ်လိုက်သားကောင်ဖြစ်လိုက် ×××
ဆင်လိုလို၊ သမင်လိုလို ××× လူတွေကြားထဲ ×××
ကျားရဲဖြစ်မှ ရှင်သန်မယ် ×××
ခွာရာတွေ နာကျင်ပစေ ××× ခံနိုင်ရည်မွေးထား ××× အတုံ့အလှည့်များတဲ့ ဒီမြို့ထဲ ×××။
(အဆိုတော် လေးဖြူ၏ အမဲလိုက်အက သီချင်းမှ)
မြို့ပြလူနေမှုဘဝထဲက အမြီးကျက်၊ အမြီးစား ခေါင်းကျက်ခေါင်းစားနဲ့ ကျင့်ဝတ်သီလတရား ပျက်ပြားနေပုံကို တောတွင်းသားရိုင်းတိရိစ္ဆာန်တွေနဲ့ တင်စားထားတဲ့ အဆိုတော်လေးဖြူရဲ့ အမဲလိုက်အက သီချင်းလေးကို ဒီကနေ့ လူငယ် လူလတ်ပိုင်း တော်တော်များများ ကြားဖူးကြမှာပါ။ တေးရေး မောင်မောင်ဇော်လတ်ရဲ့ တေးစာသားတွေက ကျင့်ဝတ်တွေ ရော့ရဲပြီး ဘီလူးစည်း လူ့စည်းမစောင့်ထိန်းတဲ့ လောကသားတွေအကြောင်း သရော်ထားလေသလားလို့ ဆင်ခြင်မိတယ်။
ကျနော်တို့လူ့အဖွဲ့အစည်းထဲက စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး လောကထဲမှာတင်မက အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံ အလွှာတွေကြားမှာရော၊ အုပ်ချုပ်ဖို့ ကြံရွယ်နေသူတွေထဲမှာပါ မကျန်၊ သိလို့ဖြစ်စေ မသိလိုက် မသိဖာသာဖြစ်စေ စောင့်ထိန်းရမယ့်ကျင့်ဝတ်တွေ လျှော့ရဲလာတာကြောင့် စာရိတ္တမဏ္ဍိုင်တခုလုံးပြိုကျပြီး ဟန်ချက်တွေပျက်နေရတဲ့ အခြေအနေတွေကို စာဖတ်သူတို့ အနီးဝန်းကျင်မှာ နိစ္စဓူဝ မြင်တွေ့ ကြားသိနေမှာပါ။

နှစ်ဆယ်တစ်ရာစု ဒီချုပ်ရဲ့နောက်က မကောက်မချော် ဒေါ်စုနဲ့အတူလိုက်ကြ (ဟံသာဝတီ ဦးဝင်းတင်)
ဒီစာကို ရေးနေတဲ့ ၂၀၁၃ စက်တင်ဘာ ၂၇ ရက်မှာ ကျုပ်ရဲ့နိုင်ငံရေးဘဝ ၂၅ နှစ်တိတိ ပြည့်မြောက်တယ်ဗျာ။ အရေးကိစ္စမြားမြောင်တဲ့ လူ့ဘောင်လောက အတိုင်းအထွာ မဟာဗျူဟာနဲ့ တန်းညှိလို့တော့ မဖြစ်ဘူးပေါ့။ လောကတံထွာ အတိုင်းအတာ ပမာဏကတော့ ရှည်လျားပါဘိခြင်းပေါ့ဗျာ။ အဲဒီ အချိန်ကာလ အတိုင်းအတာ ရှည်ကြာတဲ့ နိုင်ငံရေးသံသရာကြီးထဲမှာ ၂၅ နှစ်ဆိုတာ မျက်စိတမှိတ်၊ လျှပ်တပြက်သာဖြစ်တယ်လို့ ဆိုရမှာပဲဗျာ။
လူ့ဘဝသက်တမ်း ပုဂ္ဂလိကသက်တမ်းနဲ့တိုင်းလို့ကတော့ ကာလတော်တော်ရှည်ကြာကြီးဗျ။ လူတို့ဘာဝလောဘနဲ့ တိုင်းတာရင် လောဘဆိုတာ (ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရေးဖွဲ့သလို) ‘တောင်ကျရေ နွားနှစ်ကောင်မဝသလို’ လိုက်မဆုံး၊ မိုက်မဆုံး ကာလရှည်ကြီးဗျ။ ဒေါသနဲ့ တိုင်းတာရင် လောကဆိုတာ ‘ကမ္ဘာမကျေဘူး’ အရေးတော်ပုံ ဟစ်ကြွေးတဲ့ကာလရှည်ကြီးဗျ။ မောဟနဲ့တိုင်းတာရင် အာဏာရှင် ငမိုက်သားတို့ကို ရုန်းကန်ရမှန်းသိ၊ ကုန်းခံရင်း အရှုံးသံသရာလည်နေကြရတဲ့ ကာလရှည်ကြီးဗျ။
အဲဒီနိုင်ငံရေးဘဝကာလတို၊ လူ့ဘဝကာလရှည်တည်းဟူသော ၂၅ နှစ်ကာကို ကျုပ်ဖြတ်သန်းခဲ့တယ်။ ပြည်သူ့အာဏာ မဟာအောင်ပွဲ စိတ္တတက္ခဏမှာ ကျုပ်မြောနေခဲ့တယ်။ ဒီလိုနဲ့ အနိစ္စသဘောအရတော့ ကျုပ်လည်း ကိစ္စချောရတော့မှာပေါ့။

Tuesday, October 1, 2013
Monday, September 30, 2013
ဒီမိုကရေစီပျိုးပင် (၄) - ညီစောလွင်
တရားဥပဒေ စိုးမိုးရေးနဲ့ လစ်ဘရယ် ဒီမိုကရေစီကို ခွဲခြားလို့မရပါဘူး။ တရားဥပဒေ စိုးမိုးရေးဟာ လစ်ဘရယ် ဒီမိုကရေစီမှာ အရေးကြီးတဲ့ တဦးချင်းအခွင့်အရေး (individual rights) ကို အာမခံပေးနိုင်တယ်။ ရင့်ကျက်တဲ့ ဒီမိုကရေစီအဆင့်ကို တက်လှမ်းနိုင်ဖို့ ဆိုရင် အရပ်ဘက်အဖွဲ့အစည်း၊ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ လိုအပ်တဲ့ လွတ်လပ်မှုအတိုင်းအတာကို တရားဥပဒေနဲ့ အာမခံရတယ်။ အရေးပါတဲ့အုပ်စုတွေအားလုံး (အထူးသဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရတဲ့ အစိုးရ၊ နိုင်ငံတော် ယန္တရားတွေ အားလုံး) ဟာ တရားဥပဒေနဲ့ လိုက်နာဆောင်ရွက်ရတယ်။
Subscribe to:
Posts (Atom)