လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းက အမျိုးသမီးငယ် သုံးယောက်ကို ပြန်ပေးဆွဲခဲ့ပြီး ဆယ်စုနှစ်တခုနီးပါး သားမယားပြုကျင့်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းရိုးပြည်နယ်က Ariel Castro အေရီရယ် ကတ်စရို ဆိုသူဟာ ထောင်ထဲမှာ အိပ်ရာခင်းစကိုသုံးပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်လို့ သေမှုသေခင်း အရာရှိတယောက်က အတည်ပြုပြောကြားလိုက်ပါတယ်။
သူဟာ လွန်ခဲ့တဲ့တလတုန်းကမှ သေဒဏ်ချမှတ်ခံထားရတာ ဖြစ်ပါတယ်။
ယနေ့ ကမ္ဘာကြီးပူနွေးလာမှုနှင့် စက်မှုသိပ္ပံများ ထွန်းကားလာမှုတို့ကြောင့် ရာသီဥတု ပြောင်းလွဲဖောက်ပြန်မှုများ၏ဒဏ်ကို လူသားတို့တစ်ရပ်လုံး ခံစားနေကြရပြီဖြစ်သည်။
ထိုထက်ပို၍ဆိုးသည်မှာ သောက်သုံးရန်သင့်လျှော်သော ရေကောင်းရေသန့်ရရှိရန် ခက်ခဲလာခြင်းဖြစ်သည်။ “နောက်နှစ် အနည်းငယ်အတွင်း ရေကြောင့် နိုင်ငံအချင်းချင်း စစ်ခင်းကြမည်” ဟူ၍ ပညာရှင်တို့ မိန့်ဆိုနေကြပြီဖြစ်သည်။
ထူးအိမ်သင် ဆုံးပြီးနောက် ကျနော်နဲ့မွန်းအောင် အောင်သူငြိမ်းရဲ့ မင်္ဂလာဆောင်ကျင်းပတဲ့ ဘုရားသုံးဆူ စမ်ခပူရီကိုလာကြတဲ့အခါ ကျနော်တို့နှစ်ယောက် ဆိုင်ကယ်တစီးနဲ့ ကျနော်တို့ ၃ ယောက် ထိုင်ခဲ့ကြဖူးတဲ့ အဲဒီကျောက်ခုံနေရာလေးကို ပြန်သွားခဲ့ကြတော့ နေရာတွေအားလုံးဟာ လုံးဝ ပြောင်းလဲနေပါပြီ။ ကျောက်ခုံလေးလည်း မတွေ့တော့ပါဘူး။
ထူးအိမ်သင်က ကျနော် ဘန်ကောက်တက်ခါနီး သူလည်း ငါပြန်ချင်ပြီကွာ... ဒီမှာ ငှက်ဖျားနဲ့ အစားအသောက်အဆင်မပြေတာနဲ့ မလွယ်ဘူး... ငါ့သူငယ်ချင်း ကိုကျောက်ခဲဆိုတာ မဲဆောက်မှာ ရှိတယ်၊ တကယ်လို့များ မင်း မဲဆောက်ဘက်ရောက်ခဲ့ရင် ငါ့စာလေး ပေးပေးပါကွာဆိုပြီး ကိုကျောက်ခဲအတွက် အိပ်ဖွင့်ထားတဲ့စာတစောင် ကျနော်နဲ့ လူကြုံပါးတယ်။ အမှန်ကတော့ ပိုက်ဆံအကူအညီ လှမ်းတောင်းတဲ့စာပါ။ ကျနော်လည်း ငါ ရောက်ရင် စုံစမ်းပြီး ပေးပေးပါ့မယ်လို့ပြောခဲ့ပေမယ့် ကျနော့်မှာ ဘန်ကောက်လည်း မရောက်၊ မဲဆောက်ကိုဆို ဝေလာဝေး လမ်းတဝက်မှာတင် လတော်တော်ကြာအောင် ရွာလည်နေခဲ့တယ်။
ကေမြိုးက ရိုးတယ်၊ သူ့ကိုကြပ်လို့ကြပ်မှန်း မသိဘူး။ သူ့နာမည်အရင်းက မျိုးကြွယ်။ ဘာလို့ ရှေ့က K (ကေ) ထည့်သလဲဆိုတော့ သူ အိမ်ထောင်မကျခင် သူ သွားသွားပိုးနေတာက RC3 က ဆရာမ ကေခိုင်၊ ထို့ကြောင့် အမောင်သကောင့်သား ကေမြိုး ဖြစ်သွားတာ။
သူ့အမျိုးသမီး ကေခိုင်ကို ကျနော် တခါမှ မမြင်ဖူးဘူး။ တခါသား ကျနော်က ရန်ကုန်မြို့ထဲသွားမလို့ ၁၂ စီးသန့်ကား (ဟံသာဝတီအဝိုင်းနဲ့ သီတာသင်္ဘောဆိပ် ပြေးတဲ့ကား၊ ဘယ်စီးစီး တယောက် ၁ ကျပ်) စီးတော့ သူလည်း ကျနော်နဲ့ပါလာတယ်။ သူက RC2 မှာ သွားကြူတာ။ ကျနော်သိတော့ အေးဗျာ ကိုမြိုး ကျနော်က အချိန်စောနေသေးတယ်၊ ခင်ဗျားနဲ့လိုက်ခဲ့မယ်ဗျာ... ဆိုပြီးပြောတော့ ဟေ့ကောင် မင်းလိုက်လို့မရဘူး... ငါ့ကို မနှောက်ယှက်နဲ့လို့ ဆိုတယ်။ မရဘူးဗျာ... လိုက်မှာပဲ ခင်ဗျားဘယ်လိုဖြစ်နေတာလဲ... ဒါလေး လိုက်ကြည့်တာကို...။ အဲဒီမှာ ကျနော့်ဘော်ဒါ ကိုကေမြိုးက ကဲ ပြောမရမယ့်အဆုံး ငါလည်း မသွားတော့ဘူး မင်းနဲ့ပဲမြို့ထဲလိုက်ခဲ့တော့မယ်ဆိုပြီး ကျနော်နဲ့ ပါလာတော့တာပဲ။
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံအတွင်းမှာ အရင်အစိုးရလက်ထက်နဲ့ လက်ရှိ အစိုးရလက်ထက်အတွင်း မတရားအသိမ်းဆည်းခံထားရတဲ့ လယ်သမားများရဲ့ လယ်ယာမြေများကို ဥပဒေနဲ့အညီ ဖြေရှင်းလုပ်ကိုင်ပေးဖို့ ကြိုးပမ်းလုပ်ဆောင်မှုများကို သီပေါမြို့ နယ်၊ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း ကို ဗွီအိုအေဌာနမှူး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံမှာ လယ်ယာမြေ မတရားအသိမ်းဆည်းခံခဲ့ရတဲ့ လယ်သမားတွေရဲ့အရေးကို အစိုးရအနေနဲ့ ပိုပြီးထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ပေးပါလို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်းက သမ္မတ ဦးသိန်းစိန်ဆီကို သြဂုတ်လ (၂၉) ရက်နေ့က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး သီပေါမြို့နယ်၊ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
သီရိဆောင်ပွဲနေ့ကျတော့ ကိုစိုးပိုင်ကို ကျနော်တယောက်ထဲ သူ့အိမ်သွားခေါ်ရတယ်။ သူ့အိမ်ရောက်တော့ ခဏစောင့်ပါအုန်း... ကိုယ်နည်းနည်းတင်လိုက်အုန်းမယ်ဆိုလို့ ခဏထိုင်စောင့်ရတယ်။ ခဏနေတော့ ချာတိတ်တယောက်က ပုလင်းလာပေးတယ်။ ကျနော်တို့ခေတ်က BE ပေါ့ဗျာ တပိုင်းထဲပါ၊ မင်းကော ချအုန်းမလားလို့မေးတော့ ကိုစိုးပိုင်ပဲချပါဗျာလို့ပဲပြောလိုက်ပြီး သူ့ကို ကျနော် ကြည့်နေလိုက်တယ်။ ဘီအီးတပိုင်းကို ပဲလှော်လေးဝါးနေတဲ့ ကိုစိုးပိုင်၊ အပေါ်အဖြူ၊ အောက်က ဘောင်းဘီကလည်းအဖြူ၊ ကုတ်အင်္ကျီကလည်း အဖြူ...။
အိုကေ... သွားကြစို့ဆိုပြီး ကျနော်ငှားလာတဲ့ လေးဘီးရှေ့ခန်းမှာ သူ့ကိုထိုင်ခိုင်းပြီး ကျနော်က နောက်က သီရိဆောင်ကို ချီတက်ကြတယ်။ အဆောင်ရှေ့ရောက်တော့ သီရိဆောင်သူ ပျိုပျိုချောများက ကြိုလို့ စောင့်လို့ ... ဟယ် ကိုစိုးပိုင်လာပြီ ... ဆိုပြီး ဝိုင်းကြိုကြတယ်။ ဒါပေမယ့် ကိုစိုးပိုင်က ကျနော့်အနားကပ်ပြီး ကိုယ် အပေါ့သွားချင်တယ်လို့ ပြောလာတယ်။ ခုနက သောက်ထားတာတွေ ရွှေပြွန်က သွန်တော့မယ်လေ... ဒါနဲ့ အကြိုတော်တွေကို အိမ်သာလိုက်ပို့ခိုင်းလိုက်ရတယ်။ အဲဒီညက ကိုစိုးပိုင် သီချင်း ၆ ပုဒ် မနားတမ်း ဆိုသွားခဲ့တယ်။ ကျန်တဲ့အဆိုတော်တွေ မှတ်မိတာဆိုရင် မေခလာ၊ ဟေမာနေဝင်း၊ ကံ့ကော်တော မျိုးအာင်။
မဲဆောက်ကနေ ၇၅ မိုင်ဝေးတဲ့ ဖုတ်ဖရမြို့နယ်အတွင်းမှာ စိမ်းလန်းစိုပြေတဲ့ တောင်တန်းတောင်ဆွယ်တွေ ရှိပါတယ်။ အဲဒီတောင်တန်းတွေထဲက တောင်တချို့ပေါ်မှာတော့ ဝါးခင်း၊ ဝါးကာ၊ သက်ကယ်မိုးထားတဲ့ တဲအိမ်လေးတွေက တချို့နေရာမှာ ခပ်စုစု၊ တချို့နေရာတွေမှာ ကျို့တို့ကျဲတဲ၊ နေရာအတော်များများမှာ သက်ကယ်မိုးတွေကို ကြပ်ကြပ်ညပ်ညပ် မြင်နေရပါတယ်။ တနေရာက တနေရာသွားဖို့အတွက် တောင်တွေ တက်ရ၊ တောင်တွေ ဆင်းရ။ တနှစ်မှာ ၈ လလောက် မိုးတွေရွာနေတတ်တဲ့ နေရာ။ တောင်တန်းတွေပေါ်ကို ကြည့်နေရင်းက မြူတွေ ဆိုင်းလာတတ်တဲ့ နေရာ။ အမြဲလိုလို စိမ့်ချမ်းနေတတ်တဲ့ နေရာ။ လူအတော် များများမှာ အောင့်အီးသည်းခံနေရပုံပေါက်နေတဲ့ နေရာ။
အဲဒီ့နေရာလေးမှာ ငြင်းပယ်ခံရသူတွေ နေပါတယ်။ သူတို့ဟာ ထိုင်းမြေပိုင်နက်ထဲမှာနေပေမယ့် ထိုင်းလူမျိုးတွေ မဟုတ်ကြပါဘူး။ တစ်ခါတစ်ရံ အဲဒီ့နေရာလေးမှာ သေနတ်သံတွေ ကြားနေရတတ်တယ်။ အဲဒီ့မှာ မြန်မာပြည်ဖွားတွေနေကြတယ်။ တချို့ဆိုရင် အဲဒီ့နေရာလေးမှာနေကြတာ နှစ်ပေါင်း ၃၀ နီးနေပြီလို့ ပြောပါတယ်။
ဒီနေရာမှာနေသူတွေကို မြန်မာ အစိုးရ အဆက်ဆက်က သောင်းကျန်းသူတွေလို့ သတ်မှတ်တယ်။ တကယ်တော့ သူတို့ဟာ ခေတ်စနစ်ဆိုးရဲ့သားကောင်တွေပဲဖြစ်ပါတယ်။