Saturday, February 1, 2014

ပြောင်းလဲ တိုးတက်ခြင်း (မင်းသိုက်)

ကိုယ် ဗမာပြေပြန်အခြေချတဲ့ လေးနှစ်တာကာလအတွင်း တိုင်းပြည်ကြီး ဘာတွေ တိုးတက်ပြောင်းလဲလာသလဲ ခြုံသုံးသပ်ကြည့်တော့ကာ ... အဓိက ၂ ချက် သိသိသာသာ တွေ့ရတယ်။ ညက ပြည်လမ်းမကြီးပေါ် ကားမောင်းရင်း အတည်ပြုလိုက်တာ။ စိုးရိမ်စရာလည်း ကောင်းတယ်၊ ကိုယ်လို ငအူ ငကြောင်ကျား အတွေးမီသလောက်လေး တွေးကြည့်တာပေါ့။

တစ်တောင့်သုံးရင် ၂ လောင်း အနည်းဆုံးပေါ်ရမယ်ဆိုတာလေး အခြေခံတွေးကြည့်တာ၊ အတွေးချော်တာလည်း ဖြစ်ကောင်းဖြစ်မပေါ့။ ယခင် အာဏာရှင်ချုပ်ကြီး အဓိကဗျူဟာကတော့ စဆရ ခေါ်တဲ့ စိတ်ဓာတ်စစ်ဆင်ရေးဗျူဟာ မိန်းကီးပဲ။ ကမ္ဘာပေါ်မှာ မည်သည့်အာဏာရှင်နိုင်ငံမဆို အာဏာမြဲအောင်၊ ပြည်သူတွေကို စိတ်ရှုတ်ထွေးနေအောင်၊ အတ္တကြီးအောင် ၊ မညီညွတ်အောင် ... စည်းကမ်းပျက်အောင် ဖန်တီးထားတာပဲ။

ကဲ ... တစ်တောင့် စ ပစ်ကြည့်ရအောင်၊ ၂ ချက်ထိ ၂ လောင်းပေါ် မပေါ် ...။


၎ နှစ်တာအတွင်း သိသိသာသာ ပြောင်းလဲတိုးတက်လာတာ၊ ခေတ်အဆက်ဆက် ပိတ်ပင်ထားတဲ့ မော်တော်ကားတွေ ပေါပေါလောလော ပေးသွင်းပလိုက်တယ် ... အို ... အဖကျေးဇူးတော်ရှင် ကျေးဇူးကြီးလှပါပေတယ် ... ဟိုသွားဒီသွား ကွမ်းယာ ထွက်ဝယ်တာတောင် Fit လေး Vitz လေးလောက် သုံးပလိုက်ထာပဲ ... ... ... (တစ်ချက်တော့ ထိသွားပြီ)

ဝင်လာတဲ့ ယာဉ်အစီးရေနဲ့ လမ်းမမျှ၊ လမ်းပြမမျှ၊ ပါကင်မမျှ၊ ကျွမ်းကျင်မှုမမျှတဲ့ အခြေအနေ သိသိကြီးနဲ့ ပေးသွင်းလိုက်ခြင်းအားဖြင့် နောက်တစ်ချက် သိသိသာသာကို တိုးတက်လာတာက ပြည်သူလူထုတွေရဲ့ စိတ်နေသဘောထားပဲ၊ (ဒုတိယထိချက်က တအားပြင်းတယ်)။ ငါ့ဖို့ဆိုတဲ့ ငါ့အတွက်ဆိုတဲ့ အတ္တတွေ တစတစ နေ့စဉ်အမျှ ထွားလာတယ်၊ ကိုယ်ချင်းစာစိတ်တွေ သုဉ်းကုန်တယ်၊ စည်းကမ်းတွေ မွဲကုန်တယ်။

တော်ရုံသမာဓိနဲ့လူ လမ်းပေါ်ရောက်ထာနဲ့ စိတ်ဓာတ်တွေ ပျက်ကုန်တာပဲ ... ... ... အမလေး လေး ... လူတွေစိတ်ဓာတ်ကို လွယ်လွယ်လေးနဲ့ ရိုက်ချိုးပလိုက်ထာများ ... ပြည်သူတွေ စိတ်ဓာတ်ကို လွယ်လွယ်လေးနဲ့ ပိုလီယိုဖြစ်စေတာများ ... ... ... အဲဒီစိတ်ဓာတ်တွေဟာ အမှန်တော့ ကျေးဇူးအတင်ခံပြီး အာဏာရှင်စနစ်ကို မြှောက်ထိုးပင့်ကော် လုပ်ပေးနေရာရောက်နေတာ ... လူကြီးမင်းတို့ သိကြပါရဲ့လား ... ... မှောက်လျှက်သားကြီးအိပ် ... လက်ပေါ်နဖူးထပ်ပြီး စဉ်းစားကြည့်ကြအုန်းစို့လားးးးး

သြချလောက်ပါရဲ့ ငရွှေရယ် ... ...။

 

No comments: