Friday, January 18, 2013

အချစ် ... ကိစ္စ (ကမာပုလဲ)

ဘူတာရုံကလေးက
ရထားကို အချစ်နဲ့စောင့်တယ် ...။

လောင်စာမောင်းနှင်တွန်းအား အချစ်စိတ်က
ဘူတာရုံကလေးဆီ ရထားကို မောင်းဝင်လာခဲ့ ...။


လူ့နှလုံးသား တစုံရဲ့ အချစ်တွေ
ဘူတာရုံ ... ရထား ... ချစ်သူနှစ်ဦး
ကမ္ဘာမြေရဲ့ သက်ရှိပန်းချီကားတချပ် ...
အဲဒါ ရိုးမသွားနိုင်တဲ့ ... အချစ်တွေ ... ။ ။

ကမာပုလဲ 
၁၉၊ ၁၊ ၂၀၁၃။


 

No comments: