Thursday, November 29, 2012

လပြည့်ည (သစ်ကောင်းအိမ်)

ဒေဝဒတ်ရဲ့ ကျီးမနိုးပွဲညမှာ
အမဲလိုက်ခွေးတွေကို ဆလိုက်ထိုးပေးလို့
ဇာတ်တူသား ငါးအုပ်ရှိရာ
တံငါကို ကွန်ချက်ပြဖို့
လင်းပိုင်တကောင်လို ထပွက်နေတဲ့လရောင်မှာ
တန်ဆောင်မုန်းထိ စောင့်ခူးခဲ့တဲ့
မယ်ဇလီဖူးတွေလည်း
ဆေးဖက်မဝင်တော့ဘူး … ...။

သစ်ကောင်းအိမ် 
(၁၁. ၂၈. ၂၀၁၂)


 

No comments: