Tuesday, July 31, 2012

မနက်ဖြန် (ကေသွယ်)

အတုအယောင်တွေဟာ ... အစစ်အမှန်ထက် ပိုပြီး တောက်ပြောင်တယ်ဆိုတာ သိလာတဲ့အခါ …
အမှားတွေက ... အမှန်တွေထက် ပိုဆူညံတယ်ဆိုတာ တွေ့လာတဲ့အခါ ...
လွတ်လပ်မူတွေထဲက ... ထိန်းသိမ်းမူကို ရှာတွေ့လာတဲ့အခါ ...
အချစ် နဲ့ မေတ္တာကို ခွဲခြားတက်လာတဲ့အခါ … မမုန်းတတ်အောင် ... သင်ယူနိုင်လာတဲ့အခါ ...


နှိမ့်ချခြင်းကို ... ရဲရင့်ခြင်းလို့ သဘောပိုက်လာတဲ့အခါ ...
ကိုယ့်မျက်ချေးကို ကိုယ် မြင်တတ်လာတဲ့အခါ ...
ကိုယ့်အသံကို ကိုယ် ပြန်ကြားလာတဲ့အခါ ...
ကိုယ့်နှလုံးသားကို ကိုယ် နားလည်လာတဲ့အခါ ...
ဘုရားသခင် ခန္ဓာဝိဉာဉ်မှာ ကိန်းဝပ်နေလေပြီ ...
မနက်ဖြန်ဟာ အသစ်ဖြစ်ချေသည်။ ။

ကေသွယ်
၁၁ နာရီ ၅၈ မိနစ် (၃၁ ဇူလိုင် ၂၀၁၂)

http://kthwe.blogspot.com/ မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။ 


 

1 comment:

kay said...

ကျေးဇူးပါပဲရှင်။