Monday, January 30, 2012

လာလမ်း (ဆောင်းလူ)

ခြေရာတွေ ထပ်ဖူးတဲ့
လာလမ်းဟာ
ဆွံ့အခဲ့ရတာ ကြာလှပြီ ...

လေထဲတလူလူနဲ့
ကမ္ဘာကျော် ပြဇာတ်အတွက်
လာလမ်းပေါ်
ဇာတ်တိုက်နေလိုက်ကြတာများ ...။


လာလမ်းဟာ
မောင်ချောနွယ်ဆိုခဲ့သလို
ကိုက်လမ်းမဟုတ်တာတော့ သေချာတယ် ...။

ဒါပေမယ့်
လာလမ်းဟာ
သစ္စာတရားကိုတော့ ထောင်ချောက် မဆင်ကောင်းလောက်ပါဘူး။

သရုပ်ဖော် - အောင်ထက်


 

No comments: