Friday, October 28, 2011

လယ်ယာမြေသိမ်းမှုအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သူ ၇ ဦး အာမခံနဲ့ ပြန်လွတ်

 
မြန်မာနိုင်ငံမှာ လယ်ယာမြေသိမ်းမှုအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ရှေ့နေ ဦးဖိုးဖြူ အပါအဝင် ၇ ဦးကို ဥပဒေမဲ့ စုဝေးမှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။

အိုးအိမ်ရုံးချုပ်မှာ မနေ့က ဆန္ဒပြတဲ့ လူ ၃၀ ထဲက ၇ ယောက်ကို ဖမ်းဆီးသွားပြီး ဒီကနေ့ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။



 
 
လွတ်လာသူတွေကို အာဏာပိုင်တွေက ကောင်းမွန်စွာဆက်ဆံပြီး နောက်ထပ် ဆန္ဒမပြဖို့၊ ဥပဒေဘောင်အတွင်းက လုပ်ဖို့နဲ့ နောက်မလုပ်ဖို့ အာမခံလက်မှတ်ရေးထိုးပေးခဲ့ရတယ်လို့ သိရပါတယ်။

 
မနေ့က ရန်ကုန်တိုင်း လယ်သမားတွေဟာ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေကို လွှတ်တော်မှာ ပြဋ္ဌာန်းလိုက်တာကို ကန့်ကွက် ဆန္ဒပြကြတာဖြစ်ပါတယ်။

သတင်း - ဘီဘီစီ
ဓာတ်ပုံ - ရိုက်တာ


 

No comments: