Sunday, September 18, 2011

မြန်မာနိုင်ငံမှာ အင်တာနက် ပိုလွတ်လပ်လာ

  
မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုသူတွေဟာ အရင်က ပိတ်ပင်ထားတဲ့ အင်တာနက် ဝက်ဆိုက်တွေကို နှစ်ပေါင်းများစွာအတွင်း ပထမဆုံး အကြိမ် ပြန်ကြည့်ခွင့်ရနေပါတယ်။


 
ပြန်ကြည့်လို့ရတဲ့ ဝက်ဆိုက်တွေထဲမှာ ပြည်ပရောက် အစိုးရ ဆန့်ကျင်ရေး ဝက်ဆိုက်တွေ၊ ဘီဘီစီ နဲ့ ယူကျူဘ် အပါအဝင် ပြည်ပသတင်းဌာနတွေရဲ့ ဝက်ဆိုက်တွေ ပါဝင်ပါတယ်။

 
အစိုးရက ဘာမှ မကြေညာဘဲ ပြန်ဖွင့်ပေးခဲ့ပုံရတယ်လို့ထင်ကြေးပေး ပြောဆိုနေပါတယ်။

 
မြန်မာနိုင်ငံဟာ ပါရီ အခြေစိုက် နယ်စည်းမထား သတင်းထောက်များ မီဒီယာ လွတ်လပ်ခွင့် အဖွဲ့ရဲ့ သတ်မှတ်ချက်အရ မီဒီယာလွတ်လပ်ခွင့် မရှိဆုံးနိုင်ငံတွေထဲ တနိုင်ငံ အပါအဝင်ဖြစ်ပြီး ၂၀၀၇ သံဃာ့ အရေးအခင်း နောက်ပိုင်းကစပြီး ဝက်ဆိုက်တွေကို တင်းတင်းကြပ်ကြပ် ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။

သတင်း - ဘီဘီစီ
ဓာတ်ပုံ - အေပီ


 

No comments: