Wednesday, July 13, 2011

အကျဉ်းသား ပေါ်တာဆွဲတာက စစ်ရာဇဝတ်မှုမြောက်တယ်လို့ ဆို

 
ကရင်ပြည်နယ် မြောက်ပိုင်းမှာ စစ်တပ်နဲ့အတူ တွေ့ရတဲ့ အကျဉ်းသား ပေါ်တာတွေ (ဝတ်စုံ အပြာနဲ့) ပါ။ (ဓာတ်ပုံ - Free Burma Rangers/2011)

မြန်မာ အစိုးရ စစ်တပ်က လေူတွကို ပေါ်တာဆွဲပြီး ရှေ့တန်း စစ်မြေပြင်မှာ သူတို့အပေါ် ကျူးလွန်နေတဲ့အမှုတွေဟာ စစ်ရာဇဝတ်မှုမြောက်တဲ့အကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။



ကရင်ပြည်နယ်ထဲမှာ စစ်တပ်နဲ့အတူ ရှေ့တန်းကို ရောက်လာတဲ့ အကျဉ်းသား ပေါ်တာ တဦးပါ။ 
(ဓာတ်ပုံ - FreeBurma Rangers/2011)

Dead men walking လို့အမည်ပေးထားပြီး အဆိုပါ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ Human Rights Watch နဲ့ ကရင် လူ့အခွင့်အရေးအဖွဲ့တို့က ပူးပေါင်းထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ပေါ်တာဆွဲလာသူတွေကို စစ်တပ်က သတ်ဖြတ်တာ၊ နှိပ်စက်တာ၊ သူတို့ကို စစ်မြေပြင်ကျရင် ရှေ့မှာထားပြီး လူသား အကာအရံလို လုပ်ဆောင်တာ စတဲ့ ကျူးလွန်မှုတွေကို ထောက်ပြထားပါတယ်။

 
ကရင်ပြည်နယ် မြောက်ပိုင်းက ရွာတရွာကို စစ်တပ်နဲ့ အကျဉ်းသား ပေါ်တာတွေ ဖြတ်သွားနေကြတုန်း ရိုက်ထားတာပါ။ (ဓာတ်ပုံ - Karen Human Rights Group/2011)

Human Rights Watch ရဲ့ အာရှဆိုင်ရာ ဒုတိယ အကြီးအကဲ မစ္စ အီလိန်း ပီရာဆန် က စစ်ရာဇဝတ်မှုမြောက်နိုင်တယ် လို့ပြောတာကတော့ အခု အသုံးပြုခံရတဲ့ အကျဉ်းသားတွေရဲ့ အန္တရာယ်ကြီးမားမှု၊ နောက်ပြီး လူသားတွေကို မိုင်းရှင်း ကိရိယာသဖွယ် အသုံးပြုမှုတွေကြောင့်ပါ။

အခုလို ဖြစ်နေတာက တနေရာတည်းမှာ မဟုတ်ပါဘူး၊ နေရာအနှံ့မှာ ဖြစ်နေတယ်ဆိုတာ ကျွန်မတို့အဖွဲ့တင်မကဘဲ တခြားအဖွဲ့အစည်းတွေလည်း အထောက်အထားနဲ့တကွ အရင်က ဖော်ပြ ခဲ့ဖူးပါတယ်။ အခု လတ်တလော ဒီနှစ်ဆန်းမှာပဲ မြန်မာနိုင်ငံအနှံ့အပြားက အကျဉ်းသား ၇၀၀ လောက်ကို ကရင် ပြည်နယ်တွင်း စစ်ဆင်ရေးတွေမှာ အသုံးပြုခဲ့တယ်။ ဒါတွေကိုကြည့်ရင် စနစ်တကျနဲ့ အထက်အဆင့်က မူဝါဒချပြီး လုပ်နေတယ်ဆိုတာ ထင်ရှားပါတယ် လို့ ဘီဘီစီကို ပြောပြပါတယ်။

 
၂၀၀၆ တုန်းက ကရင်ပြည်နယ် မြောက်ပိုင်းတနေရာမျာ အစိုးရတပ်တွေက သတ်ထားခဲ့တဲ့ အကျဉ်းသား ပေါ်တာတွေပါ။ (ဓာတ်ပုံ - Karen Human Rights Group/2006)

ကိုယ်တိုင်ပေါ်တာဆွဲခံရဖူးပြီး ဒီအဖြစ်တွေကြုံခဲ့ကြတဲ့ လူပေါင်း ၅၈ ဦး နဲ့ တွေ့ဆုံမေးမြန်းမှုတွေကို အခြေခံပြီး အခု အစီရင်ခံစာကို ပြုစုခဲ့တယ်လို့လည်း ဒီ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

သတင်း - ဘီဘီစီ


 

No comments: