Saturday, June 11, 2011

နေပြည်တော်ဈေးမှာ ဗုံးပေါက်ကွဲ

နေပြည်တော်မှာရှိတဲ့ မြိုမဈေး အိမ်သာမှာ မနေ့ည ၉ နာရီခွဲက ဗုံးပေါက်လို့ လူ ၃ ဦး ဒဏ်ရာရှိသွားပါတယ်။

ဒဏ်ရာရှိသူ ၃ ဦးကို နေပြည်တော် ဆေးရုံမှာတင်ထားရပြီး၊ အဲဒီထဲက ၂ ဦးကတော့ ခွဲစိတ်ဆောင်မှာ ဆေးကုသခံနေကာ၊ ကျန်တဦးကတော့ အရိုးဆောင်မှာ ကုသခံနေတယ်လို့ ဆေးရုံဝန်ထမ်းတဦးက ဘီဘီစီကို ပြောပါတယ်။

 
 ဇွန်လ ၁၁ ရက်နေ့က တွေ့ရတဲ့ နေပြည်တော် မြို့မဈေး

ဒီဗုံးပေါက်ကွဲမှုဟာ ဘယ်သူ့လက်ချက်ဖြစ်တယ်ဆိုတာကိုတော့ မသိရသေးပါ။

ပြီးခဲ့တဲ့လကလည်း နေပြည်တော်အနီး ဆင်သေဘူတာမှာ ရထားတစီးပေါ် ဗုံးပေါက်ခဲ့လို့ လူ ၂ ဦး သေဆုံးခဲ့ရပါသေးတယ်။

သတင်း - ဘီဘီစီ၊ ဓာတ်ပုံ - အေပီ


 

No comments: