Saturday, March 19, 2011

ကျပ်ပြေးက ထုတ်ဝေတော့မယ့် မြဝတီ

 
မတ်လ ၁၉ ရက်နေ့က ရန်ကုန်မြို့လယ်မှာတွေ့ရတဲ့ ဂျာနယ် လက်ပွေ့အရောင်းသမားတဦး။

နအဖ စစ်အစိုးရက ‘မြဝတီ နေ့စဉ်’ အမည်နဲ့ သတင်းစာတစောင်ကို လာမယ့် မတ်လ ၂၇ ရက် တော်လှန်ရေးနေ့မှာ ကျပ်ပြေး နေပြည်တော်ကနေ ထုတ်ဝေတော့မယ်လို့ ဆိုပါတယ်။


 
မတ်လ ၁၉ ရက်နေ့က ရန်ကုန်မြို့လယ်မှာတွေ့ရတဲ့ ဂျာနယ်အရောင်းဆိုင် တဆိုင်။

အခုထုတ်ဝေမယ့် မြဝတီ သတင်းစာကို စစ်တပ်က ဦးစီးထုတ်ဝေမှာ ဖြစ်ပါတယ်။ မြန်မာပြည်မှာ အခုလောလောဆယ် ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေနေတဲ့ မြန်မာ့အလင်း၊ ကြေးမုံနဲ့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ The New Light of Myanmar သတင်းစာတွေဖြစ်ပြီး အခုထုတ်ဝေမယ့် မြဝတီ သတင်းစာကတော့ ၄ စောင်မြောက် သတင်းစာ ဖြစ်ပါတယ်။

Photos : Getty Images


No comments: