Wednesday, May 27, 2009

ရဲရဲလုပ်ကြပါစို့

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ


သုတေသနနှင့်လေ့လာရေးဌာန


ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၆/၂၀၀၉)


ရဲရဲလုပ်ကြပါစို့


(၂၀၀၉ ခုနှစ်၊ မေလ ၂၇ ရက် )


ပုဒ်မ ၁၀(က)၊ ပုဒ်မ ၁၀(ခ) တို့နှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်း မဟုတ်။


ပုဒ်မ ၁၀(က) ကို ပုဒ်မ ၁၀(ခ) သို့၊ ပုဒ်မ ၁၀(ခ) ကို ပုဒ်မ ၁၀(က)သို့ လိုသလို ကုလားဖန်ထိုးနိုင် ကြောင်းနှင့် မထင်ရင်မထင်သလို [ပုဒ်မ ၁၀(က) အရ] ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားနိုင်သလို [ပုဒ်မ ၁၀(ခ)] အရလည်း ဆက်လက်၍ တားဆီးထားနိုင်ကြောင်း(နအဖ) စစ်အစိုးရက သတင်းတပ်ဖွဲ့မှူး ရဲမှူးချုပ်မြင့်သိန်း ကို သုံးပြီး ခြိမ်းခြောက်လိုက်ခြင်းသာဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် (၆) လ ဆက်လက်ဖမ်းဆီးထားနိုင်သေးသလို၊ နောက်ထပ်(၅) နှစ်သက်တမ်း (တည်ဆဲဥပဒေအရ) ထပ်တိုးနိုင်ကြောင်းပြောလိုက်ခြင်းဖြစ်သည်။


ထို့အပြင် “ယက်တော” ခိုးဝင်လာမှုဖြင့် ဆက်စပ်ခြိမ်းခြောက်ထား သေးသည်။


(နအဖ)စစ်အစိုးရ၏ တည်ဆဲဥပဒေဆိုသည်မှာ မတရားဖိနှိပ်အနိုင်ကျင့်ထားသည့် အမိန့်ဥပဒေများသာ ဖြစ်သည်။


သို့အတွက် အင်းစိန်ထောင်တရားရုံးအတွင်း ရင်ဆိုင်နေသည့်နည်းလမ်းမျှဖြင့် မလုံလောက်နိုင်ပါ။


ပြည်သူလူထု၏စာနာထောက်ခံမှုအင်အားဖြင့်ဝန်းရံဖေးကူလာနိုင်မှသာလျှင် (နအဖ)စစ်အစိုးရ၏ မတရား အနိုင်ကျင့်ဖိနှိပ်မှုကို ရင်ဆိုင်နိုင်ပါလိမ့်မည်။


သို့ပါ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူလူထုထံ တချိန်တခါကတင်ပြခဲ့ဖူးသည့် “မတရားသည့် အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ”ဟူသည့် လမ်းအတိုင်းလိုက်မှဖြစ်တော့မည်။


ယင်းသို့မဟုတ်လျှင် စင့်နှီးတုန်းပေါ် လည်စင်းပေးရသည့် သိုးငယ်များပမာဖြစ်လိမ့်မည်။


ဒေါ်အောင်ဆန်းစုကြည်က ရဲရဲလုပ်ဖို့ပြောထားပြီးဖြစ်သည်။


သို့အတွက် အင်အားစု အားလုံးက ရဲရဲလုပ်ကြရမည်။


ပြည်သူလူထုပါဝင်လာအောင် စည်းရုံးကြရမည်။


No comments: