Tuesday, May 6, 2014

နိုဘယ်လ်ဆုနဲ့ ဆော်လမွန်ငါး လဲလှယ်ချင်တဲ့ နော်ဝေးအစိုးရ (ကိုညို)

“ကျမတို့က စေ့စပ်ဆွေးနွေးဖို့ ပိုမိုအားထုတ်နေတဲ့အချိန်၊ သူတို့က တံခါးတွေကို ပိုပြီးပိတ်ထားတယ်၊ ဒီပုံစံနဲ့ ကျမတို့ ကိုယ့်ကိုယ်ကိုတောင် ရှာတွေ့ရတော့မှာ မဟုတ်တော့ဘူး” “သူတို့ ဒလိုင်လားမားကို မတွေ့လိုတဲ့ အစီအစဉ်ကို လုံးဝ လက်မခံနိုင်ဘူး၊ ပြည်သူတွေ ရွေးချယ်တင်မြှောက်လိုက်တဲ့ အခွင့်အာဏာကို တလွဲမသုံးသင့်ဘူး” 

စင်ပေါ်က မိုက်ကရိုဖုန်းကိုဆုတ်ကိုင်ပြီး မာန်ပါပါပြောလိုက်တဲ့ အန်း ခရစ်စတင်း အက်စပယ်ရော့ဒ် (Ann Kristin Espejord)ရဲ့ မိန့်ခွန်းကို အော်စလိုမြို့လည် ပါလီမန်ရှေ့က လူထု ပရိဿတ် ၅၀၀ လောက်က တခဲနက် သြဘာပေးလိုက်ပါတယ်။ “ဒလိုင်လားမားကြီးအား ကြိုဆိုပါ၏” လို့ အဖြူခံပေါ် စာလုံးနီနဲ့ ရေးထားတဲ့ ပိတ်သားကြီးဟာ တချက်တချက် အရိုးထဲစိမ့်အောင် တိုက်ခတ်လိုက်တဲ့ လေစိမ်းတွေနဲ့အတူ ယိမ်းထိုးနေတယ်။ 


သုံးယောက် (သစ်ကောင်းအိမ်)

ရဲရင် မင်းဖြစ်တယ် ပြောသူက ပြော 
ကြိုးစားရင် ဘုရားတောင်မှ ဖြစ်တယ်လို့ ... 
ဆိုသူကလည်း ဆို။ 

ဖြစ်နိုင်ရင် 
တို့နှစ်ယောက် အချစ်နဲ့ 
ကမ္ဘာကြီးကို 
စစ်မက်ကင်းဝေးစေချင်တယ်။ 

ဖြစ်နိုင်ရင် 
တို့နှစ်ယောက် အချစ်နဲ့ 
ကမ္ဘာကြီးကို 
စိမ်းလန်းငြိမ်းချမ်း 
ကျန်းကျန်မာမာ ရှိစေချင်တယ်။ 


Monday, May 5, 2014

နာဂစ်ကြောင့် ရှုံးသူနဲ့ နာဂစ်နဲ့ အမြတ်ထွက်သူ (ကိုညို)

မေလ ၂ ရက်၊ မြန်မာ့စပါးကျီ လို့ဆိုတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဘဝတွေကို ဂျွမ်းထိုးမှောက်လန် ပြောင်းလဲလိုက်တဲ့ နာဂစ်မုန်တိုင်းဟာ မြန်မာ့သမိုင်းရဲ့ အထင်ကရဖြစ်ရပ်မို့ ဘယ်လိုမှ အမှတ်တမဲ့ မနေသင့်တဲ့နေ့ပါ။ 

တနည်းပြောရရင် မြန်မာ့သမိုင်းမှာ တကြိမ်မှ မကြုံဖူးတဲ့ အသက်အိုးအိမ် ဆုံးရှုံးမှု၊ ရေရှည်နလံမထူနိုင်မှုတွေကြောင့် တိုင်းပြည်ရဲ့ ဝမ်းဗိုက်ပေါက်ပြဲတဲ့နေ့လို့ဆိုရင် မမှားပါဘူး။ ဒီထက်ပိုပြီး အရေးပါစေတာက နာဂစ်ကြောင့် အာဏာရှင်စနစ် သက်ဇိုးရှည်စေဖို့ အကြောင်းဖြစ်ခဲ့လို့ပါ။ 

တိတိကျကျပြောရရင် နာဂစ်ကြောင့် ပြည်သူတွေနစ်နာပေမယ့် အစိုးရက အမြတ်ထွက်ခဲ့တယ်ဆိုတာပါပဲ။ 


Friday, May 2, 2014

ရင်ကျိုးအင်း တစ္ဆေ (မောင်လွမ်းဏီ)

ရောင်းစားစရာလည်း မရှိ 
ပေါင်းစားစရာလည်း မရှိတော့ 
တောင်းစားရတာပဲကို။ 

မြို့နဲ့ကွာလှမ်း ရွာလမ်းနံဘေး 
ငေးရီလည်ဆန့် လက်ဖြန့်တွန်းထိုး 
ဝမ်းအူပိုးကိုက် ပြေးလိုက်ထိုင်လိုက် 
တွေးလိုက်မှိုင်လိုက် မှေးလိုက်ယိုင်လိုက် 
အေးလိုက်တာလည်း လက်ကုန်အေ။ 

ဟွန်းသံပေးရင် သွေးပျက်ချင်တယ် 
လွန်းပျံပြေးရင်း ဟင်းမပါလည်း 
ထမင်းလေးပဲ၊ လွေးလိုက်ချင်ပ 
ပေါက်စ အဖွားကို မျှပါကွယ်။ 


နာဂစ်ရဲ့ အထက်မှာ ... (ကာတွန်း စောငို)


Thursday, May 1, 2014

အိုင်ပက်သူ (သစ်ကောင်းအိမ်)

စပါးကြီးမြွေတကောင်ဟာ 
ငါ ဖြစ်တယ် 

သံသရာရဲ့ သုံ့ပန်း 
သံတိုင်မဲ့ အကျဉ်းခန်းထဲ
နှာသီးဖျားက ပခြုပ်ထဲဝင်ခွေ 
စိတ်ကို အဆိပ်ဖြေထားမိတယ်။ ။ 

သစ်ကောင်းအိမ်
(၁ မေလ၊ ၂၀၀၈) 


ကျနော်တို့ ဒုက္ခသည် မဟုတ်ဘူး (၃) - ကိုညို

တတိယနိုင်ငံအတွက် ပြင်ဆင်ခြင်း 

နော်ဝေးမသွားခင် သီတင်း ၃ ပတ်အကြာ သွားမယ့်သူတွေကို အသုတ်လိုက်ခွဲပြီး နယူးဒေလီမှာပဲ နော်ဝေးနိုင်ငံအကြောင်း သိကောင်းစရာ ယဉ်ကျေးမှုမိတ်ဆက်သင်တန်းတခုကို တက်ရပါတယ်။ ဒါကတော့ နော်ဝေးနိုင်ငံက UDI ခေါ် နော်ဝေး လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ အစီအစဉ်တခုပါ။ နော်ဝေးနိုင်ငံထွက်ခွာမယ့် ဒုက္ခသည်တွေ ကိုယ်အခြေစိုက်မယ့် နိုင်ငံအကြောင်း အကျဉ်းချုပ်သိထားဖို့ မိတ်ဆက်ပေးတဲ့သဘောပါ။

နော်ဝေးနိုင်ငံက ဗီယက်နမ်လူမျိုး အရပ်ပုပု ဆာမူရိုင်းဆံပင်နဲ့ Mr. NAM ဆိုသူက ကျနော်တို့ကို နော်ဝေးအကြောင်း မိတ်ဆက်ပြောပြပါတယ်။ သင်တန်းမှာ နော်ဝေးနိုင်ငံရဲ့ သမိုင်းအကျဉ်းနဲ့ ပညာရေးစနစ်၊ အလုပ်အကိုင်၊ နေထိုင်မှုစရိတ်နဲ့ လူမှုအထောက်အပံ့၊ မိသားစုပုံစံ၊ တရားဥပဒေ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူနေမှုဘဝတွေအကြောင်း အတော်လေး ပြည့်စုံပါတယ်။ ဒုက္ခသည်အားလုံးလိုလိုဟာ နော်ဝေးနိုင်ငံအကြောင်းမသိတော့ ထူးဆန်းအံ့သြစရာပေါ့...။ ကမ္ဘာ့မြောက်ဝင်ရိုးစွန်းဘက် ဆီးနှင်းထူထပ်ပြီး ၆ လလောက် ရေခဲနေတဲ့ဒေသဆိုတော့ နှင်းမမြင်ဖူးတဲ့ ကျနော်တို့အတွက် စိတ်လှုပ်ရှားစရာပါ။ မသိရင် မေးဖို့လည်း အတန်တန်ပြောတယ်။ သူပြောတာလေးက မှတ်သားစရာကောင်းတယ်။ 


အားပေးကြပါအုံး ... (ကာတွန်း စောငို)