ဆန်းလင်းနဲ့ အဆက်အသွယ်ရလို့ ကျနော် ပျော်သွားတယ်။ အရှေ့ဘက်စစ်မျက်နှာမှာ ယုံကြည်ရတဲ့ သူငယ်ချင်းတယောက်ရှိနေတော့ အရေးအကြောင်းရှိရင် ဟိုဘက် ဒီဘက် ဟန်ချက်ညီညီ ချိတ်ဆက် အလုပ်လုပ်နိုင်မယ်လို့ မျှော်လင့်ပြီး အားတက်ခဲ့တယ်။ ကိုယ့်သူငယ်ချင်းတယောက် တော်လှန်ရေးနယ်ပယ်ထဲရှိနေပြီး ဆိုးတိုင်ပင် ကောင်းတိုင်ပင် ဆက်သွယ် ဆွေးနွေးနိုင်တော့ ဝမ်းသာနေတယ်။ သေချာပြန်တွေးကြည့်တော့ ဆန်းလင်းလို လူတယောက် တော်လှန်ရေးနယ်ထဲရောက်လာတာ သိပ်တော့မဆန်းဘူး။
ကျနော် ကိုယ်နဲ့အတူတွဲ ရဲဘော်ရဲဘက်တွေ တော်တော်များများနဲ့ စကားပြောပြီး သူတို့ မိသားစုနောက်ခံဘဝတွေ၊ စီးပွားရေးနဲ့ လူမှုရေးအခြေအနေတွေ စပ်စုခဲ့ဖူးတယ်။ အများစုရဲ့ ခံစားချက်နဲ့ နောက်ခံဘဝအခြေအနေတွေ တူနေကြတာတွေ့ရတယ်။ ဥပမာ ... မိသားစု စီးပွားရေးချို့တဲ့ကြတာ၊ မလွတ်လပ်တာ၊ ပတ်ဝန်းကျင်ရဲ့ ခွဲခြားဆက်ဆံမှုနဲ့ အနိုင်ကျင့်ခံနေရတာ၊ အဖေ အမေ ကွဲနေတာ၊ မိသားစုနဲ့ အဆင်မပြေတာ၊ မိသားစုထဲ အနှိမ်ခံရတယ်လို့ ယူဆကြတာ၊ အာဏာပိုင်တွေနဲ့ အဆင်မပြေတာ၊ ကိုယ်တိုင်ဖြစ်စေ မိဘညီအကိုမောင်နှမထဲကဖြစ်စေ မတရားအကျဉ်းချခံခဲ့ရတာ စတဲ့ စိတ်ထိခိုက်စရာ ခံစားချက်တွေရှိကြတာကို တွေ့ရတယ်။
Monday, November 4, 2013
ပိတောက်တွေဖွင့်မယ့် သော့ (သစ်ကောင်းအိမ်)
မုဆိုးမကြီး ခါးဝတ်ထမိန်
မြဲမြံတုံး ...
၂၀၁၀ လင်မျှော်ကုန်းမှာ
ယောက်ျားရင့်မာကြီးတွေ
စုရုံးနေတယ်။ ။
သစ်ကောင်းအိမ်
(၂၀၀၉)
မြဲမြံတုံး ...
၂၀၁၀ လင်မျှော်ကုန်းမှာ
ယောက်ျားရင့်မာကြီးတွေ
စုရုံးနေတယ်။ ။
သစ်ကောင်းအိမ်
(၂၀၀၉)
အာဏာရှင်တွေ သယ်လာတဲ့ မကူးစက်နိုင်တဲ့ရောဂါ (ရဲဘော်ဖိုးသံချောင်း)
မကူးစက်နိုင်တဲ့ရောဂါတွေကြောင့် ဒီနေ့ကမ္ဘာမှာ လူတွေ အများဆုံး သေဆုံးနေရတယ်လို့ဆိုလိုက်ရင် အမှတ်တမဲ့ နားမလည်နိုင်ပဲဖြစ်သွားမယ်လို့ ထင်ပါတယ်။ မှန်ပါတယ်။ ဒီအကြောင်းတွေနဲ့ အဆက်ပြတ်နေသူ၊ ဒါမှမဟုတ် စိမ်းနေသူတယောက်အဖို့ နှစ်စဉ်လူ ၃၆ သန်းကျော် သေဆုံးနေရတဲ့ အကြောင်းရင်းလို့ ကြားလိုက်ရရင် တကယ့်ကို အံ့သြစရာဖြစ်သွား မှာပါ။ တကယ်တော့ ဒါဟာ ဒဗလျူအိပ်ခ်ျအို ခေါ် နိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်းကြီးကထုတ်ပြန်တဲ့ ကိန်းဂဏန်း ဖြစ်ပါတယ်။ ကမ္ဘာ့နှစ်စဉ်သေဆုံးမှုရဲ့ ၆၀% ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒီနေ့ ကမ္ဘာ့ကျန်းမာရေးလောကမှာ လူတွေ အထူးအာရုံစိုက်စရာဖြစ်လာတဲ့ဒီပြဿနာကို အင်္ဂလိပ်လို NCD- Non Communicable Diseases လို့ခေါ်ပါတယ်။
ဒီ အင်န်စီဒီ ခေါ် မကူးစက်နိုင်တဲ့ရောဂါစာရင်းထဲမှာ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ပန်းနာ၊ ကင်ဆာအမျိုးအစား အများအပြား၊ ဆီးချို၊ နာတာရှည် ကျောက်ကပ်ရောဂါ၊ အယ်လ်ဇိုင်းမား ခေါ် လူအိုထုံနတဲ့ ရောဂါ၊ မျက်စိတိမ်ကျခြင်း၊ အရိုးတွေကျွပ်ဆတ်လာခြင်း စတာတွေ ပါပါတယ် (တခြား အများကြီးရှိပါသေးတယ်)။
ဒီရောဂါနဲ့ဒီပြဿနာကို အလေးထားလာကြတဲ့ နောက်အကြောင်းရင်းတခုကတော့ ဒီရောဂါကြောင့် သေဆုံးသူတွေထဲမှာ နှစ်စဉ် လူ ၂၉သန်း၊ တနည်း- သေဆုံးသူအားလုံးရဲ့ ၈၀% ဟာ ဝင်ငွေနည်းပါးတဲ့၊ အလယ်အလတ်တန်း ဝင်ငွေသာရှိတဲ့နိုင်ငံတွေမှာ တွေ့နေရတာကြောင့်ပါပဲ။ ဒီအထဲမှာ နှလုံးသွေးကြောပြဿနာဦးရေက (နှစ်စဉ်) ၁၇.၃ သန်းနဲ့ ထိပ်ဆုံးမှာရှိပြီး ကင်ဆာက ၇.၆ သန်း၊ အသက်ရှူလမ်းကြောင်းပြဿနာက ၄.၂ သန်းနဲ့ ဆီးချိုက ၁.၃ သန်းဆိုပြီး စာရင်းထဲမှာ ပေါ်လာပါတယ်။ ဒီလေးမျိုးကပဲ အင်န်စီဒီရောဂါတွေကြောင့် သေဆုံးသူအားလုံးရဲ့ ၈၀% လောက်ရှိပါတယ်။

Sunday, November 3, 2013
မကဒတ ၂၅ နှစ် ခရီးကြမ်း နဲ့ ရှေ့အနာဂတ်
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ ၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအရေးတော်ပုံမှာ သန္ဓေတည်လာခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့ ပေါ်ပေါက်လာတာ အခုဆိုရင် ၂၅ နှစ် ပြည့်မြောက်လာပါပြီ ဖြစ်ပါတယ်။ ဒါ အခါသာမယမှာ မကဒတ အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ ရဲဘော်သံခဲ ကို ဗွီအိုအေ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင် က တွေ့ဆုံပြီး မကဒတအဖွဲ့ရဲ့ ရပ်တည်ချက်၊ ယုံကြည်ချက်တို့ကို မေးမြန်းဆွေးနွေး တင်ပြထားပါတယ်။
ဦးဇော်ဝင်းလှိုင် ။ ။ မကဒတ ဥက္ကဋ္ဌ ကိုသံခဲ အခုလို ဗွီအိုအေကို မေးမြန်းခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဦးသံခဲ ။ ။ ကျေးဇူးတင်ပါတယ်ဗျ။
ဦးဇော်ဝင်းလှိုင် ။ ။ ပထမဆုံးတော့ မကဒတ ၂၅ နှစ်ပြည့် မွေးနေ့အခမ်းအနား ကျင်းပတယ်ဆိုပေမယ့်လဲ။ ပထမဆုံးတော့ အခုလောလောဆယ် မြန်မာအစိုးရနဲ့ မကဒတ ကြားထဲမှာ အပစ်ရပ်စဲရေးအတွက် သဘောတူညီချက် ရထားတဲ့အခြေအနေ။ ဘယ်လိုရသွားတယ်ဆိုတာကို ကျနော်တို့ကို ပြောပြလို့ရမလား။ ဘယ်လိုပုံစံနဲ့ အပစ်ရပ်စဲရေးကို သဘောတူညီချက် ရထားသလဲ။
ဦးသံခဲ ။ ။ ကျနော်တို့ နိုင်ငံသူ၊ နိုင်ငံသားတွေ တာဝန်ရှိတဲ့လူတွေအားလုံးက တဦးနဲ့တဦး အခြေအနေကြောင့် ထိတွေ့ဆက်ဆံမှုတွေ ဖြစ်လာကြပြီ။ တွေ့ဆုံဆွေးနွေးတဲ့နေရာမှာ ကျနော်တို့ ယုံကြည်တာက၊ အပစ်အခတ်ရပ်စဲရေးတခုတည်းနဲ့တော့ မလုံလောက်ဘူး။ အပစ်အခတ်ရပ်စဲရေးနဲ့အတူ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်တွေနဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲတွေကို ဖြတ်သန်းမှဖြစ်မယ်။ ဒါကြောင့်မို့ အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးမယ်။ နောက်တခုက နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲတွေအတွက် ဆက်လက်ပြီး ညှိနှိုင်းပြီး သဘောတူညီချက်တွေကို ရအောင်ယူမယ်။ ဒီနှစ်ချက်နဲ့ ကျနော်တို့က အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးတယ်။ ပြည်နယ်အဆင့် သြဂုတ်လ ၅ ရက်နေ့မှာ လက်မှတ်ထိုးခဲ့တာ ဖြစ်တယ်။ သြဂုတ်လ ၁၀ ရက်နေ့မှာ အထူးသဖြင့် နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးပြီးတဲ့အခါကြမှ နိုင်ငံရေးဆိုင်ရာ မူသဘောဆောင်တဲ့ သဘောတူညီချက်တွေကို ရရှိခဲ့တာ ဖြစ်ပါတယ်။

မသေတဲ့ သူငယ်ချင်း (အပိုင်း - ၁) - ကိုညို
ကျောင်းသားတပ်မတော် (ABSDF) ၂၅ နှစ် အခမ်းအနားတွေ၊ အမှတ်ရပွဲတွေ လုပ်နေတော့ ကျနော် သူ့ကိုပဲ သတိရနေတယ်။ သူ့အကြောင်း အမှတ်တရ စာရေးချင်တာကြာပြီ။ သူ ဘယ်တုန်းက ကျဆုံးသွားတာလဲ၊ ဘယ်လို ကျဆုံးသွားသလဲဆိုတာ တိတိကျကျမသိရတော့ စိတ်သာရှိပြီး မရေးဖြစ်ဘူး။ တလောတုန်းကမှ တမြို့ထဲသား ABSDF တပ်ဖွဲ့ဝင် ကိုဂျာကြီးရဲ့ဖေ့စ်ဘွတ်မှာ သူ့ဓာတ်ပုံနဲ့ သူ့အကြောင်း မှတ်တမ်းတင်ထားတာတွေ့တော့မှ သူ့ရဲ့နောက်ဆုံးကာလ အဖြစ်အပျက်တွေ ပြန်သိရတော့တယ်။ ကိုယ့်သူငယ်ချင်းဟာ ကိုယ်ထင်တာထက်ပိုပြီး သူရဲကောင်းပီသနေတာ သိရတယ်။ သိပ်ကို ဂုဏ်ယူစရာကောင်းတယ်။
သူဟာ ရန်သူကို တစိုးတစိလေးမှ တုန်လှုပ်မှုမပြခဲ့ဘူး။ ရန်သူက သူ့ရဲ့သတ္တိပြောင်မြောက်မှုကို စိုးရိမ်ထိတ်လန့်ခဲ့တယ်။ သူ့ရဲ့ရပ်တည်ချက်ကို အသိအမှတ်မပြုရဲဘူး။ ဒါကြောင့် သူ့ကို လုပ်ကြံလိုက်တာ။ သူငယ်ချင်းဟာ သူရဲကောင်းပီသစွာ ကျဆုံးခဲ့တယ်။
ဒါပေမယ့် အနိုင်တိုက်သွားတယ်။ သူဟာ ဂုဏ်သိက္ခာရှိရှိ အနိုင်ရလိုက်တာဖြစ်တယ်။ ကျန်ရစ်ခဲ့တဲ့ ကျနော်တို့တတွေကိုလည်း အနိုင်ယူရဲတဲ့စိတ်ဓာတ်ဆိုတာ ဒါပဲလို့ သင်ပေးလိုက်တယ်။ ခွပ်ဒေါင်းမှာ အရှုံး မရှိဘူး၊ သရေ မရှိဘူး။ အောင်ပွဲနဲ့၊ ဂုဏ်သိက္ခာရှိရှိ ကျဆုံးမှုသာရှိတယ်။ ဒါကို သူ မီးမောင်းထိုးပြသွားခဲ့တယ်။ သူနဲ့ သူငယ်ချင်းဖြစ်ရတာ ကျနော် မြတ်တယ်၊ ကျနော် ဂုဏ်ယူတယ်။ သူ့နာမည်ကို ရွတ်ရတာ သိပ်ကို ခွန်အားပြည့်တယ်။ မင်္ဂလာရှိတယ်။ ကျနော် သူ့နာမည်ကို အခါခါရွတ်တယ်၊ အခါခါ သတ္တိတွေပေါ်တယ်။ သူ့ရဲ့သွေးတွေ ကျနော့်ကိုယ်ထဲ အနှံ့ပျံ့ဝင်စီးဆင်းတယ်။ ကျနော်တွေဝေတိုင်း သူ့မျက်နှာကို ပြေးမြင်လိုက်တယ်။ ပြီးတော့ သူ့နာမည်ကို တည်တည်ငြိမ်ငြိမ် ပီပီသသကြီး ရွတ်တယ်။ “ဆန်းလင်း ... ဆန်းလင်း ... ဆန်းလင်း”

-----------------------
Saturday, November 2, 2013
တော်လှန်ရေး ... (ကျော်ကျော်ငြိမ်းချမ်း)
၁၉၈၉ ဧပြီလ ၂၈ ရက် ။
မနက်... ဘီဘီစီသတင်းမှာ ... ဗကပ ဌာနချုပ် ပန်းဆန်း ကို “ဝ” တွေ အာဏာသိမ်းတဲ့သတင်း လာတယ်။ ညနေ ၁၅း၄၅ မှာ ကော်မူးရာ (ဝမ်ခသစ်) စခန်းကို ပထမဆုံး ရန်သူ့ လက်နက်ကြီးကျည် စ ကျတယ်။
အဲဒီ အချိန်က ဒီအေဘီ တပ်ပေါင်းစုဌာနချုပ်ရုံး၊ မကဒတ ဗဟိုဌာနချုပ်ရုံး နဲ့ မကဒတ - ကေအန်ယူနယ်မြေ ကော်မတီရုံးတွေက ကော်မူးရာ မှာရှိတယ်။ ကေအန်အယ်အေ အထူးတပ်ရင်း (၁၀၁)ဌာနချုပ် နဲ့ မကဒတ ကျောင်းသားတပ်မတော် တပ်ရင်း (၂၁၁) တို့ တပ်စွဲထားတဲ့ မဲဆောက်နဲ့ မိနစ် ၂၀ လောက်ပဲဝေးတဲ့ စခန်းကြီးပေါ့။
ပထမ တလုံးက ဒီအေဘီရုံး နဲ့ မကဒတ နယ်မြေရုံး (ကေအန်ယူ သစ်တောရုံးဟောင်း) ကြားမှာ ကျတယ်။ နယ်မြေရုံးခေါင်းရင်းက နံရံတစိတ် ပါသွားတယ်။ နယ်မြေရုံး နောက်ကျောဘက်မှာ မကဒတ ဗဟိုဌာနချုပ်ရုံး ရှိတယ်။ ရှေ့က ဘုန်းကြီးကျောင်းဝန်းထဲမှာ ဒုတိယ တလုံးကျတယ်။ ကြက်တကောင်နဲ့ ငှက်ပျောပင် ၃ ပင် တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးလှူသွားတယ်။ နောက် ၂ လုံးက ဘော်လုံးကွင်းနဲ့ နောက် ၃ လုံးက (၁၀၁)တပ်ရင်းရုံးဘက်မှာ မြေသက်တော်မူတယ်။

Friday, November 1, 2013
အိမ် အကြောင်း (ကိုညို)
မနေ့က ဖုန်းမဆက်ဖြစ်တာကြာပြီဖြစ်တဲ့ အကိုကြီးနဲ့ စကားစမြည် ပြောဖြစ်တယ်။
“အေးကွာ မင်းဖုန်းဆက်လာတာ ဝမ်းသာပါတယ်၊ အင်ဖော်မေးရှင်းတခုပေးချင်တယ်”
“မင်း အကိုလတ်ရဲ့မိသားစု၊ အကြီးအကျယ် ပြဿနာတက်နေတယ်၊ သူ့ယောက္ခမအိမ်ကလည်း ဆင်းဖို့ပြောနေတာကြာပြီ၊ ယောက်ဖတွေကလည်း အရင်ကတော့တမျိုးပေါ့၊ အခုတော့ အခက်အခဲကိုယ်စီနဲ့ကိုး၊ အိမ်တလုံး အမြန်ဆုံးငှားနေဖို့လိုတယ်”
“မင့်အကိုကလည်း အသက် ၆၀ ကျော်၊ ဝင်ငွေကလည်း နည်းတယ်၊ ကလေး ၂ ယောက်လုံးလည်း ဘွဲ့ရပေမယ့် သမီး ကျောင်းဆရာမ ဝင်ငွေရယ်၊ သား စက်ရုံအလုပ်က လခရယ်က အိမ်ငှားနေဖို့ မလောက်ငဘူး၊ တလောတုန်းက သူ့ယောက်ဖတွေက အိမ်သာကိုသော့ခတ်ထားလို့ အတော်ဒုက္ခရောက်ခဲ့တယ်တဲ့”
ကျနော် စိတ်အိုက်သွားတယ်၊ ကြံရည်ဖန်ရည်နည်းပြီး ခပ်အေးအေးနေတတ်တဲ့ အကိုလတ်ရဲ့ စိတ်သဘောနဲ့ ဒီခေတ်ထဲ အံမဝင်နိုင်မှန်း ခန့်မှန်းမိတယ်။

အမဲရောင်ခေတ် (ကိုညို)
လည်ပတ်နှုန်းက ၆၂ ထက်ပိုမြန်တယ်
ပိုသိမ်မွေ့တယ်
ပြီးတော့ ...
ပို ရက်စက်တယ်
ပိုရှုပ်တယ်
လက်ရော၊ ခြေရော
အထဲရေ အပြင်ရော
ကြိုးတွေအကုန်ရှုပ်နေတာ ...။
ရက်စက်တာလည်း ကမ်းကုန်တယ်
လက်သည်တောင်မပေါ်ဘူး
အရင်က သေနတ်နဲ့ ပစ်သတ်တာ
အခုက ပါးစပ်နဲ့ ဝါးသတ်တာ
အရင်က သူ့လူနဲ့သူ ခပ်ခွာခွာ
အခုဟာ
ကိုယ့်လူနဲ့ကိုယ့်ကို ထိုးကျွေးတာ။
ပိုသိမ်မွေ့တယ်
ပြီးတော့ ...
ပို ရက်စက်တယ်
ပိုရှုပ်တယ်
လက်ရော၊ ခြေရော
အထဲရေ အပြင်ရော
ကြိုးတွေအကုန်ရှုပ်နေတာ ...။
ရက်စက်တာလည်း ကမ်းကုန်တယ်
လက်သည်တောင်မပေါ်ဘူး
အရင်က သေနတ်နဲ့ ပစ်သတ်တာ
အခုက ပါးစပ်နဲ့ ဝါးသတ်တာ
အရင်က သူ့လူနဲ့သူ ခပ်ခွာခွာ
အခုဟာ
ကိုယ့်လူနဲ့ကိုယ့်ကို ထိုးကျွေးတာ။
Subscribe to:
Posts (Atom)