Tuesday, October 15, 2013

နိုး ... ဘရာဒေးလ် (No Bras Day) အလွန်က စိတ်ကစဥ့်ကလျား (ဆောင်းလူ)

မရည်ရွယ်ခဲ့တဲ့ ဘဝတခု ... ခုတော့ လားရာတွေ လားလားမှမတူ ...။ စွန့်ဦးတီထွင်သူတွေအကြောင်း တွေးမိသည် ...။ ဦးနှောက်နည်းတဲ့ ပုဇွန်တွေ ဈေးကောင်းရနေသည်။ လေးဘက်တိုက် ဒေါင်လိုက် လမ်းလျှောက်တဲ့ ပြူးကြောင်ကြောင် ကဏန်းကောင်တွေ ဈေးကောင်းရနေသည် ...။ လက်သည်မပေါ်တဲ့ လေနဲ့ဥတဲ့ ကြက်ဥ ... အကောင်ပေါက်ရင် ဘယ်လိုနေမလဲ ...။ ကြက်တပိုင်း .... လေတပိုင်းလား ..။ ဒါမှမဟုတ် ... လေတပိုင်း ကြက်တပိုင်းလား ...။ 

မနေ့က ၁၃ မှာ ... ကင်ဆာကိုကြောက်လို့ ... အမျိုးသမီးတွေ ရင်သားကိုလှစ်လှပြဖို့ တိုက်တွန်းကြသည် ...။ အယူသီးသူတွေနဲ့ ... ၁၃ ဂဏန်း ... နိုး ဘရာဒေးလ်မှာ ... ဗုံးတွေ ခဏခဏ ပေါက်သည်။ အမဲလိုက်သလို ချောင်းမြောင်းနေသည့်စိတ်မှာ ... ဘရာတွေအပြည့်နဲ့ ဖုံးအုပ်ထားသည်။ 


Sunday, October 13, 2013

ပရိုက်ဗိတ် ဟော်စပီတယ် (မင်းသိုက်)

မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပြဿနာ သိသိသာသာ ချာတူးလန်လာတာ “၁၉၈၈” နောက်ပိုင်းလို့ပဲ အကြမ်းဖျဉ်းပြောရမလိုပဲ၊ လူတိုင်းသိနေတာပဲဥစ္စာ၊ ကြာလေချာလေပဲ၊ လက်ရှိ နိုင်ငံတော်အစိုးရမင်းများကလဲ ဒမိုကရေစီပြုပြင်ပြောင်းလဲရေးကိစ္စကြီး ဇယားရှုတ်နေတော့ ဒီကိစ္စတွေ ထည့်မတွက်အားရှာပါဘူး၊ သူတို့ခမျာလဲ လှည်းကျိုးကြီးထမ်းနေရတာ ညောင်းလှရော့မယ်။ 

အဲတော့ ပြည်သူပြည်သားတွေဟာ မမာမကျန်းဖြစ်ပြီဟေ့ဆိုတာနဲ့ ရှိတာလေး ပေါင်နှံရောင်းချ ရောင်းစရာမရှိ ချေးငှားပြီး ခေတ်ပေါ် ပရိုက်ဗိတ် ဟော်စပီတယ်တွေ လစ်ကြရတာပဲ၊ နည်းနည်း ဝက်ထောတဲ့သူတွေကတော့ ဘန်ကောက်တို့ အင်္ဂလန်တို့လစ်ပြီး ကုကြတာပဲ ဟိုမှာက ပိုသေချာတယ်။ 

ကိုယ်က ကိုယ်တိုင်သာခုထိ ဆေးရုံမတက်ဖူးသေးတာ၊ (ဘယ်တော့တက်ရမယ်တော့ မသိ) ... ညာတကာနင်းစ ဆွေမျိုးသားချင်း သင်္ဂဟမမာမကျန်းကိစ္စ သွားရင်းပြုရင်း မဟာရန်ကုန်ရွှေမြို့တော်ကြီးတစ်ဝှမ်းက အနှီ ပရိုက်ဗိတ် ဟော်စပီတယ်တွေ အကုန် အစုံအစေ့ရောက်ဖူးတယ်။ 


ဥပဒေမှ မဟုတ်သေးတာပဲ ... (ကာတွန်း အော်ပီကျယ်)


စိတ်အား လပေးဖြင့် အနားပေးခြင်း (ဆောင်းလူ)

မနက်ကတည်းက ... စိတ်တို့သည် ကျီးကြည့် ကြောင်ကြည့် ...။ ဝါကျမပါတဲ့ စာတွေကို ပြူးပြူကြောင်ကြောင်နှင့် ရွတ်နေသည်။ သတ်ပုံတို့သည် ဟိုတစ သည်တစ ...။ မှန်သည်လည်း မဟုတ် ...။ မှားသည်လည်း မဟုတ် ...။ 

ဟိုးခပ်ဝေးဝေးက မြင်နေရသည့် မိုးဒဏ် လေဒဏ်ခံ ဂြိုလ်တု ဂြိုလ်ပဲ့တို့သည် ဘဝကိုနာခံရပါ့မလားဟု လှမ်းလှောင်ပြောင်နေသည်။ ဂြိုလ်တုတလုံးသည် အငြိမ်မနေ ...။ သံကြေးကိုက်နေသည့် ရီစီဗာ ကျီကျီကြောင်ကြောင်အသံဖြင့် လတ်တလောတိုက်ခတ်နေသည့် မုန်တိုင်းတလုံးကို တကုတ်ကုတ် အပ်ဒိတ်လုပ်နေလေသည်။ 

သီအိုရီအရ မှားနေသလား ...။ ဥက္ကာခဲတွေ မြေပေါ်ကြွေကျလာရင် ကောင်းမလား ...။ သက်ရှိတွေ စကြာဝဠာထဲ ကြွေကျသွားရင်ကောင်းမလား ...။ ငှက်တွေမှာ ပါးဟက်တွေ ... ရေယက်တွေနဲ့ .. ငါးတွေမှာ နှုတ်သီးတွေ ... အတောင်တွေနဲ့ ...။ ခြေထောက်တပ်ထားတဲ့ မြွေက ... အကြေးခွံတွေနဲ့ လမ်းသလားနေတဲ့ ကင်းခြေများကို ဖေးမလို့ ...။ ဒိုင်မင်းရှင်းအရ အကုန်ဖြစ်နိုင်သည် ...။ အိပ်မက်သည် မကောင်း။ သောက်လက်စ အရက်ခွက်ထဲ ရေခဲတွေ ... ရေတိမ်နစ်နေရတဲ့ ဇာတ်လမ်း ...။ 


ကွာရေးချကွာ... သခင်နဲ့ ကျွန်ဇာတာ (ရဲဘော်ကျော်သန်း)

အကြောင်းကြောင်းတွေကြောင့် မပြောသေးပါဘူးလို့ ချုပ်တည်းထားတာ၊ နာကျင်ခံပြင်းလွန်းလို့ နည်းနည်းတော့ ပြောပါအုံးမယ်။ အမျိုးသားသစ္စာဖောက် စစ်အာဏာရှင်တွေ တိုင်းပြည်နဲ့လူမျိုးကို ကျွန်ဇာတ်သွင်းရောင်းစာပုံတွေနဲ့ နိုင်ငံရေးသမားနဲ့ နိုင်ငံရေးပါတီတွေ အမြော်အမြင်မဲ့ တာဝန်မဲ့ပုံတွေ။ ဟိုတလောကလည်း ဒီအကြောင်းကို အမျိုးသားပျက်သုဉ်းမှုရဲ့အစလား အဆုံးလား ဆိုတဲ့ ခေါင်းစဉ်နဲ့ အမြွက်တင်ပြခဲ့ပြီးပါပြီ။ 

ဒီနေ့ဗမာပြည်အခြေအနေတွေနဲ့ပတ်သက်ရင် ထိပ်တန်းရောက်နေတဲ့ အကြောင်းအရာတွေကို လေ့လာကြည့်ရင် လက်ပတောင်းတောင်နဲ့ လယ်တီသိမ် ကာကွယ်ရေး လက်ပတောင်းတောင်ဝန်းကျင်က ကျေးလက်ပြည်သူတွေနဲ့ တခြား အမြင်ရှင်းလင်းပြတ်သားတဲ့ မျိုးချစ်တွေရဲ့ ခုခံကာကွယ်ရေးတိုက်ပွဲတွေ၊ စစ်တပ်ဦးပိုင်နဲ့ တရုတ်ဝမ်ပေါင်ဆိုတဲ့ ယဉ်ကျေးမှုဖျက် သာသနာဖျက်တွေရဲ့ လက်နက်အားကိုးနဲ့ ကတိဖျက် အယုတ်တမာ ကောက်ကျစ်ဗိုလ်ကျတာတွေ၊ သောက်ရှက်အမဲ့ဆုံး မယ်ရွေးပွဲလုပ်ပွဲအပေါ် ငြင်းခုံနေတာတွေ၊ အဲဒီမတူတဲ့ မနီးစပ်တဲ့အခြေအနေ နှစ်ခုကိုဆွဲစပ်နေကြတဲ့ ပယောဂတွေကို မြင်တွေ့နေရတယ်။ အဲဒါတွေကို ခြုံငုံသုံးသပ်ကြည့်ရင် ကျွန်ဇာတာ ကျွန်စရိုက်တွေလို့ပဲ မြင်မိတယ်။ 


ဈေးပေါပါတယ်နော် ... (ကာတွန်း အောင်မော်)


Saturday, October 12, 2013

သူတို့လည်း အရေးကြီးတော့ သွေးစည်းကြပြီပေါ့ - ဖိုးသံ (လူထု)

two-monkeys-sitting-back-to-back

ဘယ်တိုင်းပြည်မဆို ဒီလိုပဲဖြစ်လိမ့်မယ်ထင်ပါတယ်။ တိုင်းပြည်တခုရဲ့ နိုင်ငံရေးမှာအပေါ်မှာ ပေါ်လွင်နေတဲ့ နိုင်ငံရေး အခြေအနေနဲ့ အလွယ်တကူမမြင်သာတဲ့ နိုင်ငံရေးအခြေအနဆိုပြီး တည်ရှိနေတတ်ပါတယ်။ တကယ် နိုင်ငံရေးလုပ်သူ၊ နိုင်ငံရေးအကဲခတ် လေ့လာသူတွေဟာ အဲဒီကွယ်ဝှက်နေတဲ့ နိုင်ငံရေးကို ရှာဖွေကြည့်တတ်ဖို့နဲ့ မပြတ်စောင့်ကြည့်နေဖို့ လိုပါတယ်။ အကြောင်းက တိုင်းပြည်ရဲ့ နိုင်ငံရေးကို တကယ်အဆုံးအဖြတ်ပေးတာဟာ အဲဒီအပေါ်လွှာအောက်က တကယ့် နိုင်ငံရေးအနှစ်၊ နိုင်ငံရေးပဋိပက္ခဖြစ်နေတတ်လို့ ပါပဲ။ တချိန်ထဲမှာ ထောက်ပြသင့်တာတခုက တချို့သော အာဏာရအစိုးရတွေဟာ တကယ့်နိုင်ငံရေးကို ဖုံးကွယ်ထားတာ၊ အားလုံးက အပေါ်ယံနိုင်ငံရေးဆီကို အာရုံရောက်နေအောင် အခြေအနေတွေဖန်တီးထားတာတွေ လုပ်လေ့ရှိတယ်ဆိုတာပါပဲ။ 

အခုလို အစပျိုးနေတာက ဒီနေ့ဗမာပြည်မှာ အကြိတ်အနယ်ဖြစ်နေတဲ့ အားပြိုင်ပွဲကြီးတခုကို ထောက်ပြချင်လို့ ဖြစ်ပါတယ်။ ဒါကို သတိထားမိသူလည်းရှိ၊ သတိမထားမိသူလည်း ရှိပါမယ်။ ဒါပေမယ့် အာဏာရအစိုးရအတွက်တော့ ဒီကိစ္စဟာ သေရေးရှင်ရေး၊ အသက်တမျှ အရေးကြီးနေပါတယ်။ 


ကမ္ဘာကြီးနှင့် ငါတို့ ချိတ်လု ချိတ်ခင် (ညီစောလွင်)

လာအိုကို လွန်ခဲ့တဲ့ သုံးလေးနှစ်က နှစ်ခေါက်ရောက်ခဲ့တယ်၊ ဒီတခေါက် ပြန်ရောက်တော့ ဘာထူးလဲဆိုတော့ မြန်မာတွေ ဗီဇာမလိုတော့တာပါပဲ၊ အနောက်တိုင်းသားတွေ ဗီဇာဖောင်ဖြည့်၊ ဓာတ်ပုံကပ်နေတဲ့အချိန်မှာ ကိုယ်တို့ကတော့ ခေါင်းမော့ရင်ကော့လို့ပေါ့။ ကိုယ်တို့က အာဆီယံနိုင်ငံက လူတွေလေ၊ မြန်မာဖြစ်ရတာ ဒီတခါတော့ ဂုဏ်ယူလိုက်မိတယ်။ အာဆီယံအဖွဲ့ဝင်ဖြစ်ရတာ လာအိုသွားတဲ့ ခရီးမှာတော့ ဂုဏ်ယူနေမိတယ်။

ကိုယ့်လိုပဲ ဂုဏ်ယူနေတဲ့ နောက်တယောက်ကတော့ ဖိလစ်ပိုင်က ချာတိတ်တယောက်။ သူက အသက် ၉ နှစ်ကတည်းက ထိုင်းကို မိဘတွေနဲ့ ရောက်နေတယ်။ အခု အသက် ၂၄ နှစ်၊ ထိုင်းစကားကို ရေရေလည်လည်ပြောတယ်။ အင်္ဂလိပ်စကားကိုလည်း ကရားရေလွှတ်ပြောတယ်။ ချင်းမိုင် မယ်ကျို့တက္ကသိုလ်က ကျောင်းပြီးတယ်။ သူ့အဖေဆီက အင်္ဂလိပ်စာကို သင်တယ်တဲ့၊ သူ့အဖေက အင်္ဂလိပ်စာ ဆရာ၊ ထိုင်းမှာက ဖိလစ်ပိုင်က အင်္ဂလိပ်စာဆရာတွေ အတော်များသကိုး။ ဖိလစ်ပိုင်ဆရာတွေက အနောက်တိုင်းသားတွေထက်စာရင် ဈေးပေါတယ်လေ၊ မြန်မာတွေလိုပဲ အောက်ခြေသိမ်း အလုပ်လုပ်တဲ့ ဖိလစ်ပိုင်တွေလည်း ရှိပါတယ်။ ရွှေမြန်မာတွေကတော့ ထိုင်းမှာ သန်းနဲ့ ချီသလို၊ ဖိလစ်ပိုင်တွေကတော့ သောင်းဂဏန်း၊ အလွန်ဆုံး သိန်းဂဏန်းလောက် ရှိပါလိမ့်မယ်။ အာဆီယံနိုင်ငံအချင်းချင်း လူတွေ၊ ကုန်စည်တွေ၊ ပညာတွေ ကူးလူးဆက်ဆံနေကြတာ ကြာခဲ့ပါပြီ။ လာအိုခရီးမှာ အံ့သြသွားတာက တယ်လီဖုန်းကိစ္စဗျ၊ အရင်က ကျနော်တို့ လာအိုရောက်လို့ ထိုင်းဘက်ကို ဖုန်းခေါ်ချင်ရင် မြစ်ဘေးကို သွားရတယ်။ ဖုန်းက မိတချက် မမိတချက်ပေါ့၊ အခု အဲ့လို မဟုတ်တော့ပါဘူး၊ ထိုင်းဘက်ကနေ လာအိုဘက်ကို ကူးသွားတာနဲ့ ကိုယ့်ဖုန်းက Dtac ဖုန်းဆိုရင် မက်ဆေ့ဝင်လာမယ်။


Friday, October 11, 2013

ရုန်းရင်း ဆန်ခတ် (ဆောင်းလူ)

လွဲတာမှ ... မနက်ကတည်းက ...။ ဘာစကားမှမပေါက်လို့ ... ထမင်းမှာစားတာ ... ကောက်ညှင်း ကြက်ဥပဲ လွေးလိုက်ရတယ် ...။ ပန်းကန်ထဲက ကြက်ဥကြော် ... ခြောက်ကပ်ကပ် ...။ လမ်းဘေးဆိုင်ဆိုတော့ သဲတရှပ်ရှပ်နှင့် ...။ 

စိတ်နဲ့ကိုယ်နဲ့ မကပ် ...။ မကြေညာဘဲ ကုန်ဈေးနှုန်းကို တက်ပစ်လိုက်သည်။ ကြေညာလည်း သိမည်မဟုတ် ...။ သူများနိုင်ငံထဲ ခိုးကြောင်ခိုးဝှက် ဝင်နေသည်ကိုး ...။ အခွန်မပေးရသည်ကိုက ကံကောင်းလှသည်ပင်။ 

သောက်နေကျအရက်တွေ ဈေးတက်လာတော့ အရက်မသောက်တော့ဖို့ ဆုံးဖြတ်လိုက်သည်။ မဟုတ် ... မှားနေပြီ ...။ ထမင်းတနပ် လျှော့လိုက်တာ ပိုအဆင်ပြေမည်။