Saturday, March 4, 2017

လင်းခါး (မောင်လွမ်းဏီ)

ဘီယာနဲ့ ကွမ်းနံ့
သင်းပျံ့တဲ့ လမ်းမတွေကို
ဆည်းဆာညို နီစိုစိုဖြန်းတိုင်း
လွမ်းရတုတွေ ထုဆစ်ဖြစ်တတ်တယ်
ယဉ်ကျေးခြင်းသီဝရီ။

စာအုပ် ဖုန် ကြက်မွှေး
သွေးသား မိတ်ဆွေ ရဲဘော် အိမ်နားနီးချင်း
အင်ဖော်မေးရှင်းခေတ်
ဒီခေတ်က မတူးဆွလည်း
ဝတ်မှုံကူးခွင့်
ကြုံလင့်ရတာကိုက ကံအကြောင်းတရားလှတယ်
အမေတူးက ပိုလှတယ်
တော်လှန်ရေးသီဝရီ။

ဆင်တကောင်လုံး မြင်ရပေမယ့်
ဆင်ခြေရာ မတွေ့တဲ့ ဒုဌဝတီ။

ဆင်သွားမူနဲ့တော့
မဟုတ်ပါဘူး၊
နောက်တလှမ်းလည်း မဆုတ်ခဲ့ဖူးဘူး
သူရူးတယောက်လို
သံလျက်ကို မဝှေ့ရမ်းခဲ့ဖူးပါဘူး
စာအုပ်စင်ကို
မြင်တွေ့ရင်
ချစ်သူ့ရင်ခွင် တမ်းတချင်
မြို့မငြိမ်းနဲ့ ဖောင်ဖွဲ့ချင်
အသင် မြင်တွေပါစေသား။

(ကျောက်ဆည်ရဲဘော်များ အမှတ်တရ)

မောင်လွမ်းဏီ 
၎ - ၃ - ၂၀၁၇

No comments: