သွေးအုပ်စုတူမှ သူ့အသက်ကို ကယ်နိုင်မယ်။
ကိုယ့်လမ်းကိုယ်ဖောက် ကိုယ့်လမ်းကိုယ်လျှောက်မှ
ကိုယ်မှန်းတဲ့လမ်းကို ရောက်မယ်။
သူဖောက်တဲ့လမ်းလိုက်လျှောက်ရင်
သူမှန်းတဲ့လမ်းပဲ ရောက်မယ်။
သွေးအုပ်စုတူမှ သူ့အသက်ကို ကယ်နိုင်မယ်။
အတွေးအခေါ် ဆန်းသစ်သူ
ရင်ခုန်သံသစ် ထုဆစ်သူ
ရေသာခို အချောင်မလိုက်သူ
ဘဝတူချင်း ဖေးမသူ
ကမ္ဘာမီးလောင် သားတောင်ချမနင်းသူ
ပူလောင်ဘဝကို အနမ်းပေးတတ်သူသာ
လမ်းသစ်ဖောက်နိုင်သူဖြစ်မယ်။
သွေးအုပ်စုတူမှ သူ့အသက်ကို ကယ်နိုင်မယ်။
ကဲ ... လာ
မြှူဆွယ်နေတဲ့မောဟတွေကို ဆေးချ
ဟန်ဆောင်တန်ခိုးရှင်ခေါ်သံတွေနဲ့ လမ်းခွဲလိုက်
ဟိုမှာ ... ကမ္ဘာသစ်တေး အတူဆိုဖို့
သွေးအုပ်စုတူတွေ ငါတို့ကိုစောင့်နေတယ်။ ။
လင်းနွေးအိမ်
ဧပြီ ၄ ရက်၊ ၂၀၁၅။
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
1 year ago

No comments:
Post a Comment