Friday, August 23, 2013

အဝေးရောက်တေး (သစ်ကောင်းအိမ်)

ကောင်းကင်အောက်မှာ
ကောင်းကင်ပျောက်တဲ့ အတောင်ပံတွေနဲ့

ကံစီမံရာ အဝေးတလံဆီ
ငါ ပျံသန်းခဲ့…

ကမ်းရိုးတန်းအထပ်ထပ်
ငါ ဖြတ်သန်းခဲ့...


မင်းရဲ့နွေးထွေးတဲ့ရာသီမှာ
တေးသီခွင့်မရှိတဲ့ငှက်တကောင်
တမ်းတမှုတွေ တောမီးလောင်လို့
အလွမ်းတွေက လက်ခမောင်းခတ်လို့

ငါသာ ငိုကြွေးတတ်မယ်ဆိုရင်
မျက်ရည်တွေကို မြစ်လုပ်ကာ
မင်းရှိရာအရပ်
လက်ပစ်ကူးခတ်လာခဲ့မယ်။ ။

(သားနဲ့ ကေခိုင်သို့ … … ….) 

(၁၅ ဖေဖော်ဝါရီ ၂၀၀၈)

No comments: