Saturday, August 24, 2013

ရန်ကုန်မြို့ ရေကြီးနေတဲ့ မြင်ကွင်းတချို့

ရန်ကုန်မြို့မှာ မိုးကြီးရေလျှံဖြစ်နေတဲ့အတွက် ကျောင်းသူကျောင်းသားငယ်လေးတွေ အပါအဝင် မြို့တွင်းသွားလာသူတွေ ဒုက္ခရောက်ကြရ။ 

လပြည့်ကျော်ရက်လည်းဖြစ် ရေကြီးမယ်လို့ မိုးလေဝသခန့်မှန်းချက်ထုတ်ထားတဲ့အတိုင်း ရေကြီး၊ မိုးသည်း။ 

ကားတွေနဲ့သွားသူတွေလည်း ကားရေနစ်လို့ ဖြစ်တဲ့နေရာမှာ ပစ်ထားခဲ့ရတာတွေရှိ။ 


ဝမ်းရေးအတွက်တော့ ရေကြီးတဲ့လမ်းမှာလည်း လျှောက်နေရဦးမှာပါ။ 

လှိုင်သာယာ စက်မှုဇုံကနေ ဘုရင့်နောင်မီးပွိုင့်ကိုဖြတ်တာ တနာရီခွဲကြာတယ်လို့ ကိုယ်တွေ့ကြုံခဲ့တဲ့ ခရီးသွားတယောက်က ပြောပါတယ်။ 

မြေညီထပ်ကလူတွေကတော့ အိမ်ထဲရေဝင်လို့ ရေခတ်ထုတ်နေတာတွေ ရှိပါတယ်။ 

ဘာပဲဖြစ်ဖြစ် ဆက်လျှောက်နေရမှာပါ။ 

သတင်း နှင့် ဓာတ်ပုံ - ဘီဘီစီ


 

No comments: