သူတို့တွေက
တောင်ကြည့်ပွဲ သွားကြတယ်၊
အဝေးက လူတချို့
သူတို့မျက်ဝန်းထဲက
တောင်တွေကို ကြည့်မိကြတယ်။
သူတို့တွေက
မိုးရွာတော့ ထွန်တုံးပြင်ကြတယ်၊
မနီးမဝေးက လူတချို့
သူတို့ယာမြေကို
အသက်နဲ့ တွက်ထွာ ကြည့်နေကြတယ်။
ထန်းတပင်က
သူတို့အရပ်ထက် မြင့်တယ် ဆိုပေမဲ့
သူတို့မွေးတဲ့ သား။
မြေတကွက်က
သူတို့သင်္ချိုင်းထက် ကျယ်တယ် ဆိုသော်ငြား
ဘိုးဘွား ခေါင်းချရာ။
တောင်တတောင်က
သူတို့ ခြင်ထောင်ထက် လုံခြုံတယ် ပြောသပေါ့မောင်
တောင်မှီ တောမှီတွေကိုး။
ဖျောင်းဖျသူ အရ
သိက္ခာနဲ့ လဲပေးလိုက်ရသတဲ့
ချင်းတွင်းမြစ်ငဲ့
လက်ပံတောင်းနယ်မှာ မာလာက ခံပွင့်။ ။
မောင်လွမ်းဏီ
၁၄ - ၅ - ၂၀၁၃
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
1 year ago

No comments:
Post a Comment