တညသားမှာ
ကျနော့်ကို လက်တို့
အိပ်ယာကနေ လာလို့ နှိုးတယ် မေမေ ...။
“ချစ်သား ... ငါ့နောက်လိုက်ခဲ့” တဲ့။
ဗောဓိ ညောင်ပင်လား
သစ်ပင်ကြီးတပင်အနားဆီ ခေါ်သွား
“ချစ်သား ... အသင် ဘာမြင်သလဲ” တဲ့။
ညောင်ရွက်ကလေးတွေက စိမ်းမြ
“ကျနော့် နှလုံးသား ကျနော်ပြန်မြင်နေရတယ် သခင်”။
“ကောင်းပြီ ချစ်သား
သူဟာ ငါဖြစ်တယ်”။
ရုတ်တရက်
အိပ်ယာကနေ လန့်နိုး
ဇောချွေးတွေနဲ့ စီးထန်းလာ
“သစ္စာသည်သာ အလှတရား”
ကျနော် ...
ကျနော့်ဘဝကို ကိုယ်တိုင် ရှာဖွေတွေ့ရှိခဲ့ပြီ မေမေ။ ။
ကမာပုလဲ
၁၀၊ ၃၊ ၂၀၁၃။
+ ၈၈၈၈ အရေးတော်ပုံကြီးရဲ့ သစ္စာတရားကို ခံစားရေးဖွဲ့တယ်။
+ “သစ္စာသည်သာ အလှတရား” = ဆရာကြီး ပန်းချီအောင်စိုး ပြောခဲ့သော စကား။
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
1 year ago

No comments:
Post a Comment