Wednesday, January 16, 2013

ကဗျာနဲ့ မီးလှုံရင်း (မင်းကိုနိုင်)

ဖြောင့်ချက်ပေးရရင်တော့
လွမ်းတုန်းပေါ့ ဆောင်းရယ်

နှင်းကျဲကျဲကြိုရုံနဲ့
သီချင်းရွှဲရွှဲဆို

ညကိုသံစဉ်တွေနဲ့ လောင်းလိုက်ကြ
ဒီတုန်းက ကြယ်တွေတောင်
မီးစက်နှိုးတုန်းရှိသေးတယ်


ကိုယ်တို့ကြားမှာ လက်မှတ်ထိုးစရာမလို
စာချုပ်တွေကို ထင်းလိုခုတ်
မီးပုံပွဲ လုပ်ဖူးရဲ့
(ဒါပေမဲ့ ဘယ်သူ့ဆုလာဘ်အသားကိုမှ ကင်မစားခဲ့)

ညဥ့်နက်လေလေ
က္ကုနြေ္ဒအနွေးထည်က ပါးပါး
နှင်းများက ခြုံခြုံ
လင်းကြက်တွန်တောင် ခေါင်ရည်မမူး
(စိတ်ကူးထဲမှာတောင် ရေရောရောမိတာကြောင့်)

မပျော်ပါဘူး ဆောင်းရယ်
တစ်ကိုယ်စာ ရင်ငွေ့လေးနဲ့
ကိုယ့်မီးကိုယ်မွှေး လှုံနေတဲ့ကြား
ကျည်ဆံ ကင်စားချင်သူတွေနဲ့
ရန်ဖြစ်နေရတုန်း ဆောင်းရေ ...။

မင်းကိုနိုင်


 

No comments: