ပြန်မလာတော့မယ့် ခြေရာတွေပေါ်လာနေတာ
ဘယ်သူတွေလဲ
အသစ်တွေလား
အမိုက်အမှား လိုက်စားသူတွေလား
ဒီမှာ ...
အကြိုက်ချင်း မတူညီကြဘူး
လက်ခံတယ်
ဒီမှာ ...
ဘဝချင်း မတူညီကြဘူး
လက်ခံတယ်
ကြွေးမြီတွေနဲ့ လေးလံပိတင်နေလွန်း
လက်ခံတယ်
လေးတော်ကို ငါတင်ပြီး ပစ်ချလိုက်ရမှာက
အမြိုက်တရားပေပဲကိုး
ငါ့ဘက်က ငါ့အဘိဓမ္မာအရ
ငါဟာ လွတ်လွတ်ကျွတ်ကျွတ်ကြီးရှုံးခဲ့ရတော့
လွတ်လွတ်ကျွတ်ကျွတ်ကြီးပဲ နိုင်ချင်တယ်
အမှန်တကယ်ပဲ ငါ ပစ်ချလိုက်ပါတယ်
အမြိုက်တရား။ ။
မောင်ချောနွယ်
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
1 year ago

No comments:
Post a Comment