ဒီည
လပြည့်ညမို့
ကောင်းကင်က လမင်း
ခါတိုင်းညတွေလို လင်းမယ်ထင်
ကောင်းကင်ကိုမော့ကြည့် ...
အလို ... ဘယ်လို
သူ ... သူ ... သူ ငိုနေပါရောလား ...။
ဟုတ် ... တာ ... ပေါ့
ဘုရားသားဆိုတာ
တိုင်းပြည်အသဲနှလုံး
မီးလောင်ဗုံးနဲ့ ပစ်မှတော့
ချစ်သူတိုင်း ရှိုက်လို့ငို
အဲဒါ မျက်ရည်ယိုဗုံးပေါ့ ...။
ကိုယ့်မျက်နှာဖုံး
ကိုယ်ကန်ခွာရဲသူတစုကြောင့်
အရေပြားတွေ စုတ်ပြဲလို့
တိုင်းပြည်ရဲ့ နတ်နေကိုင်းလဲ
မီးကျွမ်းခဲ့ရပြီကွယ့် ...။
ဒေဝဒတ် မယားပါသားမို့
ဒင်းတို့ ရိုင်းတာမဆန်းပေမယ့်
ကျုပ်တို့ရင်ထဲကအနာ
အသမာတွေတက်
နောင်ဆယ်သက်တောင်
ကမ္ဘာမကြေဘူး ...။ ။
ကြခတ် (ရင်း-၈)
29 Nov 2012
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
1 year ago

No comments:
Post a Comment