Thursday, November 29, 2012

လက်ပံတောင်းည (မောင်လွမ်းဏီ)

ကြယ်တာရာ
နက္ခတ်မစုံရော့လေသလား
ကောင်းကင်မှာ ဗုံးကျည်ဆံတွေနဲ့
လပြည့်ည သန်းခေါင်ယံ။

အဇာတသတ်နဲ့
ဒေဝဒတ်ရဲ့ အကြံယုတ်
ညမိုးချုပ် ကားစင်ထောင်
တောင်ခြေက ပါးကွက်သား။


ရွှေဝါရောင်
မီးရောင် ရဲလျှံထကာပ
ဘုန်းကြီးပျံ လောင်တိုက်သွင်းကြတဲ့
သွေးချောင်းစီးည။ ။

မောင်လွမ်းဏီ 
၂၉ - ၁၁ -၂၀၁၂


 

No comments: