Wednesday, November 28, 2012

ဓာတ်ပုံတွေ ရေးတဲ့ ကဗျာများ - ၄ (မောင်လွမ်းဏီ)

လာပါ
လာလေ
လာကြပါ ဟေ့။

တောင်တကွေ့မှာ
ထောင်နေ့ရက်စွဲ
အသည်းနဲ့ ထစ်၊ ရေးခြစ်ခဲ့မယ်။


ဆည်းဆာ တိမ်တောက်
တောင်ညိုပျောက်မှ
 နှမလိပ်ပြာ၊ မုံရွာ သောင်ဆိပ်
အိပ်စက်စောင့်စားမှာပါကို။

မအေးနက်
ညဥ့်နက်နေပြီ။

မအေးနက်
အရုဏ်တက်ပကော။

လာပါ
လာလေ၊ လာကြပါ ဟ
အိပ်မက်တနိုး၊
မိုးစပြူလင်း ပြတင်းဖွင့်စဉ်။

ကြေးနီတောင်မှာ
ကဗျာတွေလည်း ရှိတယ်မောင်။ ။

မောင်လွမ်းဏီ 
၂၇ - ၁၁ - ၂၀၁၂


 

No comments: