ကမ္ဘာဦးနေ့တွေ အကြောင်း
စိတ်မဝင်စားခဲ့ဘူး ...
အာဒံဖြစ်ဖြစ်
ဧဝ ဖြစ်စေ
ကျနော်တို့ လူဖြစ်ခဲ့ပြီပဲ ...။
ကျနော်က
သိပ်ကို အစွဲအလန်းကြီးတယ်မေမေ ...
ရိုက်ပြီး အိပ်ခိုင်းခံရတဲ့ ညတွေမှာ
တုတ်ကလေးကို ရင်ဘတ်ထဲပိုက်ပြီး
အိပ်ရင်း ရှိုက်ငိုတတ်တဲ့အကောင် ...။
နင် နာတတ်သလားလို့
သင်္ချိုင်းကနေ ထလာ မေးဦးမှာလားမေမေ
အဲဒီ ... အကောင်ဟာ
သူ့ယုံကြည်ချက်နဲ့ ... သူ
သူ့အချစ်နဲ့ ... သူ
ဘယ်တော့မှ နောင်တမရကြး
သူ့ဘဝမှာ .... သူ ပျော်ဝင်နေတဲ့ အကောင်။ ။
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
1 year ago

No comments:
Post a Comment