Tuesday, July 24, 2012

အနုပညာ ... ကိစ္စ (ကမာပုလဲ)

အသင့် သိမ်းဆည်းစရာမလိုတဲ့ အိပ်ယာ
စားအိုး၊ စားခွက်နဲ့
လည်တိုင်မှာ ချည်စွဲနေကျ
ပခုံးထက်က တဘက်ကလေး
အလေ့ကျ သုံးရာသီများ ...။

နာကျင်မှုတွေအပေါ်မှာ
မချိပြုံးတွေ သိမ်းပိုက်နေတဲ့ ကိစ္စ ...
လက်တွေ့ဖြေရှင်းရမယ့် ပြဿနာတွေပေါ်မှာ
ဘာစတီးလ် အကျဉ်းထောင်ကို ဖြိုဖျက်ဖို့ မဝံ့ရဲခဲ့ရင်ဖြင့် ...။


စိတ်ဓာတ်တွေ မခိုင်လို့များ
ယိမ်းယိမ်းယိုင်ယိုင် ဖြစ်လို့နေပါစ
မှော်ရုံလေထုရဲ့ လက်တွေ့အခင်းအကျင်းတွေထဲမှာ
ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားဖို့ သိပ်လွယ်တယ် ...။

ကမာပုလဲ 
ဇူလိုင်၊ ၂၀၁၂

No comments: