Thursday, January 26, 2012

အတ္ထုပ္ပတ္တိ ... အစိမ်း (ကမာပုလဲ)


လမ်း
ဆုံချက် ရောက်မှ
ခွဲခွာသွားတဲ့ အမှတ်တရများ ...။

နေကွယ်ကုန်းက
အမုန်း တစ္ဆေ ...။

ရာဇဝင် တောခြောက်သံတွေနဲ့
လရောင်ပျောက်တဲ့ ည ...။


အစိမ်းလိုက် မီးတင်ရှို့ကြ
အရှင်လတ်လတ် ကားစင်တင်ကြ
သင်တို့ဟာ
ခေတ်ပျက် ရထားတစင်းရဲ့
မနိုင်ဝန် ဇလီဖားတုံးတွေ ...။

ခွင့်မလွှတ်ပါနဲ့ဗျာ
တကယ်လို့များ
ဒီကဗျာ
ဒေါသအဆိပ်တွေ သင့်ခဲ့ရင် ...။ ။


ကမာပုလဲ
၂၆၊ ၁၊ ၂၀၁၂။


 

No comments: