အစိတ်အပိုင်းပေါင်းများစွာ
ပေးဆပ် ပြတ်တောက်သွားရတဲ့
အနှောင်အဖွဲ့ ကြိုးစကလေးများ ...။
လက်သည်းဆိတ်တော့
လက်ထိပ်ဖျားက နာကျင်မယ်
သွေးစက်ခေါ်ရာ
ကမ္ဘာမကြေ တေးတပုဒ် ...။
လမ်းဘေး အုတ်ခုံကလေးမှသည်
ကျောင်းစာသင်ခန်း
ရာဇဝင် ရင်ခွဲရုံ အစည်းအဝေး
ပိုင်းဖြတ် ဆက်ချီ လူထု လမ်းမများဆီသို့ ...။
မေ့လျော့ချင်လည်း ရတယ်
စွန့်ပစ်လိုက်လည်း ဖြစ်တယ်
ကိုယ့်တန်ဖိုးကို
ကိုယ်ပြဌာန်းနေတဲ့
ပဉ္စလက် ညတွေမှာ ...။
ဂစ်တာကလေး တလက်ပါ
သွေးစစွန်းပေ
တိုက်ပွဲဝင် အလံကလေး အုပ်လို့ ...။ ။
ကမာပုလဲ
၂၃၊ ၁၊ ၂၀၁၂
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
1 year ago

No comments:
Post a Comment