Wednesday, January 25, 2012

သတိ စာမျက်နှာ (ဒေါင်းနီ)


အချိန် နဲ့ နေရာ
သေချာ ရွေးချယ်
မရည်ရွယ်တာ ဘေးဖယ်ပါ၊

အစစ်နဲ့ အတု
လုယူ လှည့်စား
ဆုံးရှုံးထားတာ မှတ်ထားပါ၊


အမှားနဲ့ အမှန်
ရန်သူ အမာခံ
လူထုအသံသာ နားထောင်ပါ၊

ခွပ်ဒေါင်းနဲ့ ကျီးပုတ်
ခွဲထုတ် သရုပ်
တေးတပုဒ်သာ ကျူးထုတ်ပါ၊

တဒင်္ဂနဲ့ ထာဝရ
ကမ္ဘာ သက်သေပြု
တိုက်ပွဲလမ်းမှာ လက်တွေ့ပြပါ။ ။

ဒေါင်းနီ


 

No comments: