Friday, November 25, 2011

အဖွဲ့ချုပ် မှတ်ပုံတင်၊ ကြားဖြတ်ရွေးကောက်ပွဲ ဒီနှစ် မလုပ်ဖြစ်

ပါတီမှတ်ပုံသွားတင်တဲ့ အဖွဲ့ချုပ် ပြောခွင့်ရ ဦးဉာဏ်ဝင်းနဲ့အဖွဲ့ 

ဒီကနေ့ နေပြည်တော် ရွေးကောက်ပွဲကော်မရှင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပါတီ မှတ်ပုံတင်လိုက်ပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးကော်မီတီ အစည်းအဝေးကနေ ပါတီ ပြန်လည်မှတ်ပုံတင်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ဆိုပါတယ်။


အဲဒီလို အဖွဲ့ချုပ်က ပါတီမှတ်ပုံတင်လျှောက်တဲ့နေ့မှာပဲ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ဒီနှစ်အတွင်း ကျင်းပနိုင်စရာမရှိသေးဘူး လို့ နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ကြောင်း သိရပါတယ်။

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ရဲ့ သတင်းစာရှင်းလင်းပွဲ

၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်လိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ်များအနက် ပြည်သူ့လွှတ်တော်မှာ နေရာ ၄၀၊ အမျိုးသားလွှတ်တော်မှာ ၆ နေရာ၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်မှာ ၂ နေရာ စုစုပေါင်း ၄၈ နေရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လစ်လပ်လျက် ရှိပါတယ်။

Photos: Getty Images, AP

No comments: