Wednesday, November 2, 2011

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၃)

ဗိုလ်ချုပ်ကျော်သောင်း၏ ကိုယ်ရေးအကျဉ်း
အမည်ရင်း
မန်းကျော်သောင်း

တော်လှန်ရေးအမည်
အောင်ဇေဦး

ဘာသာကိုးကွယ်မှု
အဖိုးအဖွား၊ မိဘများ ဗုဒ္ဓသာသာ
ကျနော် ခရစ်ယာန် ကိုးကွယ်သည်။

မွေးသက္ကရာဇ်
၁၂၈၅ ခုနှစ်၊ ပြာသိုလဆုတ် ၁၁ ရက်၊ တနင်္လာနေ့။

ဇာတိ
မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ထိန်ကုလားကုန်းကျေးရွာ

မိဘနှင့် မွေးချင်းများ
အဖ မန်းနန်းရင်၊ အမို့ နန်းညွန့်
မွေးချင်းမောင်နှမ ၃ ဦး
သားသမီး ၈ ဦးအနက် ယခု ၂ ဦး ကျန်ရှိ

ပညာသင်ကြားမှု
ဘုန်းကြီးကျောင်း၊ မင်္ဂလာသုတ်မှ ပရိတ်ကြီးအထိ
အတန်းကျောင်း ၄ တန်းအထိသာ သင်ခဲ့ရ။
ခေတ်ပျက်၍ မြို့ရောတောပါ ကျောင်းများပိတ်၍ ပညာဆက်လက် မသင်ရတော့။
ကျောင်းနေစဉ် ဉာဏ်ကောင်းပြီး သူငယ်တန်းမှ လေးတန်းအထိ အဆင့် ၁ အမြဲရသည်။

တော်လှန်ရေးမလုပ်မီ အလုပ်အကိုင်
လယ်ယာကိုင်းကျွန်း

တော်လှန်ရေးသမားဖြစ်ရသည့် အကြောင်းအရင်း
တော်လှန်ရေးထဲ ဝင်ရောက်သည့်ကာလတွင် သခင်ခေတ်ဖြစ်သည်။
ထိုကာလတွင် မြစ်ဝကျွန်းပေါ်ဒေသတွင် ကရင်-ဗမာ အဓိကရုဏ်း ပြင်းထန်နေသည်။
ဗမာများက ကရင်ရွာများကို မီးရှို့ဖျက်ဆီး၊ တွေ့ရာမြင်ရာ ကရင်လူမျိုးများကို ဓားများဖြင့် ခုတ်ထစ်သတ်ဖြတ်၊ ကရင်များကလည်း ဗမာများကို ခုတ်သတ်ကြသည့် အခြေအနေဆိုးကြီးဖြစ်သည်။ ထိုအထဲတွင် ကျနော့်ဆွေမျိုးတချို့ အသတ်ခံရသည်။

မြောင်းမြမြို့တဖက်ကမ်း လူခေါင်းကျွန်း၊ ခလောက်ဆိုက်၊ ကွင်းလယ်တွင် ကရင်နှင့် ဗမာများ ဓားများဖြင့် အပြန်အလှန် ခုတ်ရာ၌ ရွာလူကြီးနောက်လိုက်သွားပြီး ထိုမြင်ကွင်းများကိုမြင်ရသည့်အခါ ကရင်တဦးဖြစ်သည့်အတွက် ကရင်လူမျိုးများဘက်က မခံမရပ်နိုင်ဖြစ်ကာ ထိုအဓိကရုဏ်းတွင် ပါဝင်ခဲ့သည်။
ထို့နောက် ကရင်မျိုးချစ်များက ဦးဆောင်ကာ ကရင်တော်လှန်ရေးလုပ်ငန်းများ စတင်ရန် ကျနော်တို့ ရွာများသို့ ရောက်ရှိလာချိန်တွင် ခံစားချက်ပြင်းထန်ပြီး တော်လှန်ရေးသမားတယောက်အဖြစ် လိုက်ပါခဲ့သည်။

တော်လှန်ရေးထဲကို ရောက်ရှိသည့်ခုနှစ်
၁၉၄၇ ခုနှစ်၊ အင်းစိန်

ကရင့်တော်လှန်ရေးတွင်း ထမ်းဆောင်ခဲ့သည့် တာဝန်များ
- အင်းစိန်တိုက်ပွဲတွင် တပ်စိတ်မှူး
- မြစ်ဝကျွန်းပေါ် ပြောက်ကျားတပ်ရင်း (၁) တွင် တပ်စုမှူး
- ပြောက်ကျားတပ်မဟာ (၃) တပ်ရင်း (၆) (၇) နှင့် ကရင်အမျိုးသား ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တပ်ရင်း(၂) နိုင်ငံရေးမှူး
- မိခင်တပ်ရင်း (၁) နိုင်ငံရေးမှူးတာဝန်၊ ပြောက်ကျားတပ်မဟာ (၃) တပ်ရင်း (၆) (၇) နှင့် ကရင်အမျိုးသား ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် တပ်ရင်း(၂) တပ်မဟာမှူး။
- မြစ်ဝကျွန်းပေါ်တိုင်း တပ်မ (၂) နိုင်ငံရေးမှူးတာဝန်နှင့် တိုင်းကော်မတီဝင်
- ပဲခူးရိုးမတိုင်း စစ်ကြောင်းမှူး၊ အရှေ့တိုင်းရောက်လာသောအခါ ဗဟိုကော်မတီဝင်၊ အထူးတပ်ရင်းအမှတ် (၁ဝ၁) ၏ အကြံပေးအရာရှိ
- ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (ကေအဲန်ဒီအို) ဗိုလ်ချုပ်၊ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင်
- ကရင်အမျိုးသားအစည်းအရုံး ဂုဏ်ထူးဆောင် နာယကအဖွဲ့ဝင်တဦးအဖြစ် နောက်ဆုံး တာဝန်ယူထမ်းဆောင်ခဲ့သည်။

ဆက်လက်ဖော်ပြပါမယ်။ 



No comments: