Friday, October 14, 2011

မဟူရာပြဇာတ် (ထိန်လင်း)


အကျဉ်းထောင်ဆိုတာ
ခေတ္တအပန်းဖြေစရာ
ဧည့်ဂေဟာ မဟုတ် ။

အကျဉ်းထောင်ဆိုတာ
အမိန့်အာဏာ အစိုးရဖို့
အသုံးချလက်နက် မဟုတ် ။


အကျဉ်းထောင်ဆိုတာ
နာကြည်းစရာတွေ ဖုံးလွှမ်းမယ့်
ငရဲခန်းလည်း မဟုတ် ။

အကျဉ်းထောင်ဆိုတာ
မှန်ရာကို ခဝါချရမယ့်
အဓမ္မနေရာလည်း မဟုတ် ။

အာဏာရှင်စနစ် လွှမ်းမိုး
အမှောင်ထုကြီးစိုးတဲ့အချိန်မှာတော့
နရသိန်အကျဉ်းထောင်ထဲက
ဘဝတွေ အနန္တ
သောကတွေ အသင်္ချေ
ပြည်သူတွေ ငိုကြွေး
ငြိမ်းချမ်းရေးအတွက် အသက်ကိုလှူ
လူဆိုတဲ့အဓိပ္ပါယ် မရှိ
နတ္ထိတွေနဲ့ရေးသား
ညပန်းချီကား တစ်ချပ်လေ ။ ။

ထိန်လင်း
၃၁-၇-၂ဝဝ၁


 

No comments: