Friday, June 3, 2011

အိုင်ပက် လိုချင်လို့ ကျောက်ကပ် ဖြုတ်ရောင်း

တရုတ် သတင်းမီဒီယာတွေထဲမှာ ဆယ်ကျော်သက်ရွယ် တရုတ် လူငယ်လေးတယောက်ဟာ tablet ကွန်ပြူတာ iPad 2 နဲ့ ကွန်ပြူတာ လက်ပ်တော့ပ် တခု ဝယ်ယူနိုင်ဖို့ သူ့ခန္ဓာကိုယ် အစိတ်အပိုင်းဖြစ်တဲ့ ကျောက်ကပ် တဖက်ကို ရောင်းချခဲ့တယ်လို့ ဖော်ပြကြပါတယ်။


အသက် ၁၇ နှစ်ရွယ် အဲဒီလူငယ်က အရောင်းအဝယ်ကိစ္စကို အင်တာနက်ကနေတဆင့် စီစဉ်ခဲ့တာလို့ ပြောပါတယ်။
သူ့ရဲ့မိခင်က ကွန်ပြူတာအသစ်ကိုမြင်လို့ မေးမြန်းခဲ့ရာမှာ သူက ကျောက်ကပ် ခွဲစိတ်မှုအကြောင်း ဝန်ခံပြောပြခဲ့တာ လို့လည်း သူက ပြောပါတယ်။

တရုတ်နိုင်ငံမှာ ၂၀၀၇ ခုနှစ်ကစပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ရောင်းဝယ်မှုကိစ္စကို အစိုးရက တားမြစ်ခဲ့ပြီး အလှူရှင်တွေက လှူဒါန်းတဲ့စနစ်ကို စတင်ကျင့်သုံးခဲ့ပါတယ်။

ဘေဂျင်းမှာရှိတဲ့ ဘီဘီစီ သတင်းထောက်ကတော့ အခုဖြစ်ရပ်ဟာ တရုတ်နိုင်ငံမှာ ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်း ရောင်းချတဲ့ မှောင်ခို ဈေးကွက် ရှင်သန်နေတုန်းဆိုတာကို ပြသတာဖြစ်တယ်လို့ ပြောပါတယ်။

သတင်း - ဘီဘီစီ


 

No comments: