Thursday, March 17, 2011

လက်မ ထောင်နေနိုင်သေးတဲ့ ကတုံးကြီး

 
 
ငွေများ တရားနိုင်တဲ့ မြန်မာပြည်မှာ မြန်မာနိုင်ငံသားတဦး အမျိုးသမီးတဦးကို အနိုင်ကျင့် စော်ကားပြီး အချုပ်ထဲရောက်နေတာတောင်မှ လက်မထောင်နေနိုင်သေးတဲ့ ကတုံးကြီး (သူ့အတွက် အဖြေက ဘာလဲ?)


မြန်မာနိုင်ငံမှာ ထိမ်းသိမ်းခံထားရတဲ့ မြန်မာတိုင်းမ် ဂျာနယ် တည်ထောင်ခဲ့သူတဦးဖြစ်တဲ့ ရော့စ်ဒန်ကလေ ကို ဒီကနေ့ တတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ရာမှာ တရားရုံးက အာမခံ ပယ်ချလိုက်ပါတယ်။

  
မြန်မာပြည်မှာလာနေပြီး မြန်မာနိုင်ငံသား အမျိုးသမီးတဦးကို အနိုင်ကျင့်စော်ကားတဲ့ ကတုံးကြီးကို လာတွေ့နေရတဲ့ သြစတေးလျှ သံအမတ် Bronte Moules

သြစတေးလျှနိုင်ငံသားဖြစ်တဲ့ ရော့စ်ဒန်ကလေဟာ အမျိုးသမီးတဦးကို အနိုင်ကျင့် စော်ကားမှု၊ ပြည်ဝင်ခွင့်ဥပဒေ ချိုးဖောက်မှု စတဲ့ စွဲချက်တွေနဲ့ အဖမ်းခံထားရတာ ဖြစ်ပါတယ်။

  
ကတုံးကြီးကို ရုံးထုတ်လာစဉ်

သတင်း - ဘီဘီစီ
Photos : Reuters, Getty Images


No comments: