Thursday, March 31, 2011

‘၈၈’ မတ်လ ကျောင်းသားလှုပ်ရှားမှု (၈)

https://lh5.googleusercontent.com/-1QEXxnWInBk/TYwLWjzm9xI/AAAAAAAAIhU/gePDKExDRqQ/s1600/march+88a.jpg

“လူငယ်တွေမှာ ကျနော် မြင်နေတယ်ဗျာ။ Own Model ပျောက်နေသလိုမျိုးပဲ။ အတတ်ပညာရှင်ပဲ လုပ်ရ မလိုလို၊ Model Boy၊ Model Gril ပဲလုပ်ရ မလိုလို အဲဒီလိုဖြစ်နေတယ်ဗျ။ အဲဒီတော့ Individualism ပေါ့ဗျ။ ကိုယ့် တကိုယ်ထဲဝါဒ ကြီးထွားလာမယ်ဆိုရင် တကယ်တန်း ရေရှည်မှာလည်း တိုင်းပြည်အတွက် မကောင်းသလို။ ကိုယ်လည်း မကောင်းနိုင်ပါဘူး”

ကျနော်တို့က ရိုးရိုးသားသားပဲဗျ။ ဘာတခုမှ ကျနော်တို့ ရိုက်နှက်ဖျက်ဆီးမှုတွေ စိတ်ကူးထဲမှာတောင် မရှိဘူး။ ကျနော်တို့ ထွက်သွားတယ်၊ ကျနော်တို့ ထွက်သွားပြီးတော့ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေက ကျနော်တို့ ကျောင်းသား ရဲဘော်တွေကို ကျနော်တို့ခေါ်ပြီးတော့ ကျနော်တို့ချီတက်ပြီးတော့ လမ်းလျှောက်မယ်၊ ကျနော်တို့မှာ ဒီရည်ရွယ်ချက်နဲ့ သွားတာပဲ။

သွားတဲ့အခါကျတော့ ကျနော်တို့လိုလားတဲ့ သဘောထားတွေ ကျနော်တို့ ဆန္ဒတွေကို ကြွေးကျော်ပြီးတော့ ကျနော်တို့ ဖော်ထုတ်မယ်။ ဒါပဲရှိတယ် ဒီတော့ ဒီနေရာမှာ ကျနော်တို့ ဆင်နွှဲခဲ့တဲ့ နည်းက ငြိမ်းချမ်းစွာ ဆင်နွှဲခဲ့တဲ့နည်းပါ။

အဲဒါကို ကျနော်တို့မှာ အကြမ်းဖက်ပြီးတော့ ဖြိုခွင်းခံရတယ်။ ဆိုလိုတာကတော့ ကျနော်တို့ရဲ့ သဘောထားဆန္ဒတွေကို ကျနော်တို့ ဖော်ထုတ်ပြနိုင်ဖို့က ကျနော်တို့ ရတဲ့နည်းတနည်း နောက်ဆုံးတနည်းနဲ့ပဲ ဖော်ထုတ်ခဲ့တာပါ။


အဲဒီတော့ ပြဿနာတခုရယ်လို့ ယူဆပြီးတော့ အဲဒါကို အကြမ်းဖက်ပြီးတော့ ဖြိုခွင်းခံလိုက်ရတယ်။

အဲဒီကနေပြီးတော့ တကယ်ဆိုလို့ရှိရင် ကျနော်တို့ ကျောင်းသားထုနဲ့ ဆိုင်တဲ့ကိစ္စပဲဖြစ်ဖြစ် ပြည်သူလူထုနဲ့ ဆိုင်တဲ့ အရေးကိစ္စပဲ ဖြစ်ဖြစ်ပေါ့ဗျာ၊ အခါအခွင့်သင့်လို့ ပေါ်လာလို့ရှိရင် ကျနော်တို့တတွေဟာ ရင်ဆိုင်ပြီးတော့ တွေ့ဆုံပြီးတော့ ဆွေးနွေးဖြေရှင်းရင်းနဲ့ မဖြစ်သင့်တာတွေ မဖြစ်အောင် ကာကွယ်နိုင်မယ်ဆိုတာကို ဒါကိုပဲ ကျနော် နောက်ဆုံး ပြန်ပြီးတော့ ကောက်ချက်ချမိတယ်။

ဘယ်လိုခေါ်မလဲဆိုတော့ တဖက်က ကျနော်တို့က ငြိမ်းအေးချမ်း ပြောဆိုတင်ပြဖို့ပဲ။ သူတို့အနေနဲ့ ဂရုတစိုက်မရှိတော့တဲ့ အခြေခံတွေပေါ့နော်။နောက်တချိန် ထပ်ပြီးတော့ အဲဒီကနေထပ်ပြီးတော့ ၁၃ ရက်နေ့ကိုကျော်ပြီ ဖြစ်လာတယ်၊ ၁၆ ရက်နေ့ အရှိန်ကလည်း အဲဒီ ပထမဆုံး ငြိမ်းငြိမ်းချမ်းချမ်း ကျနော်တို့ကနေပြီးတော့ ဒီအဖြစ်အပျက်တွေ တင်ပြနေတဲ့အချိန်မှာ သူတို့ဖက်က ရက်စ်ပွန့် တုံ့ပြန်မှုက မမျှော်လင့်ဘဲ နောက်က ဖြိုခွင်းမှုဖြစ်သွားတဲ့အတွက် အဲဒါကြီးက အခုထက်ထိကို ကျယ်ပျံ့သွားတာပေါ့။

သူ့အကျိုး ကိုယ့်အကျိုး သူ့ဘက် ကိုယ့်ဘက် မျှမျှတတ သွားကြမယ်ဆိုလို့ရှိရင် တော်ရုံတန်ရုံ ပြဿနာတွေဟာ ပြီးသင့်တာတွေ ပြီးသွားနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို မဖြစ်ခဲ့ပါဘူး။

၁၇ နှစ်တာကာလ ဖြတ်သန်းပြီးချိန်မှာ ၈၈၈၈ ကျောင်းသားခေါင်းဆောင်တွေအနေနဲ့ ဒီကနေ့ လူငယ်ကျောင်းသား မျိုးဆက်သစ်တွေအပေါ်ကို ဘယ်လို ရှုမြင်သုံးသပ်ထားပါသလဲ။ ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်နဲ့ ကိုမင်းဇေယျာတို့ရဲ့ သုံးသပ်ချက်တွေကို အရင်နားဆင်ကြည့်ရအောင်လားခင်ဗျ။

“မေးစရာမလိုဘဲနဲ့ သူတို့ကို၌ကိုက ဒီကိစ္စလေးတွေကို ဒီလိုတော့ကြားဖူးတယ်။ ဒါဟာ မှန်သလားဆိုပြီးတော့ လာမေးတာမျိုး ရှိတယ်။ ကျနော်တို့ကို အဲဒီအကြောင်းတွေ ပြောပြပါဆိုပြီး တောင်းဆိုတာတွေ တချို့ဆိုရင်လည်း အဲဒီ အကြောင်းတွေကို မသိကြဘူးဗျ။ မသိပဲနဲ့ ဒါကတော့ဗျာ ဘာကို သူတို့ အာရုံခံနေသလဲဆိုတော့ ဒီကနေ့ ဖွင့်ထားတဲ့ တံခါးပေါက်တွေကနေပြီးတော့ သူတို့ ထွက်သွားဖို့ ပြင်ကျတယ်ဗျ။ အဲဒီ တံခါးပေါက်ကို ခင်ဗျားတို့ မြင်ပါလိမ့်မယ်”

“လူငယ်တွေမှာ ကျနော် မြင်နေတယ်ဗျာ။ Own Model ပျောက်နေသလိုမျိုးပဲ။ အတတ်ပညာရှင်ပဲ လုပ်ရ မလိုလို၊ Model Boy၊ Model Gril ပဲလုပ်ရ မလိုလို အဲဒီလိုဖြစ်နေတယ်ဗျ။ အဲဒီတော့ Individualism ပေါ့ဗျ။ ကိုယ့် တကိုယ်ထဲဝါဒ ကြီးထွားလာမယ်ဆိုရင် တကယ်တန်း ရေရှည်မှာလည်း တိုင်းပြည်အတွက် မကောင်းသလို။ ကိုယ်လည်း မကောင်းနိုင်ပါဘူး”

“ကျောင်းသားဆိုတာက နိုင်ငံရှိသရွေ့ ကမ္ဘာတည်သရွေ့ ကျောင်းသားဆိုတာ ရှိနေမှာပဲလေ။ အဲဒီတော့ ကျောင်းသားတွေကို ကျနော်ပြောချင်တာကတော့။ ကျနော်တို့ ကျောင်းသားတုန်းကလည်း ကျောင်းသား စိတ်ဓာတ်ပေါ့နော်။ အမှန်တရားကို လိုလားမှု၊ မဟုတ်မခံမှု၊ ပွင့်လင်းမှု အခုခေတ်ကျောင်းသားတွေလည်း ဒီလို စိတ်ဓာတ်မျိုးရှိမယ်လို့ ယုံကြည်တယ်။

အဲဒီ စိတ်ဓာတ်ကို ဖွံ့ဖြိုးတိုးတက်လာအောင် မှန်ကန်တဲ့ လမ်းစဉ်ကို ရောက်အောင် ကျနော်တို့ ကျောင်းသားတွေ အားလုံးက ယခုထက်ပိုပြီးတော့ပေါ့နော်။ စွမ်းစွမ်းတမံ ကြိုးစားဖို့ စုစည်းဖို့ တည်ဆောက်ဖို့ပေါ့ဗျ။ အမျိုးသားရေးမှာ တပ်မတော်က သစ္စာမဖောက်တာထက် ကျနော်တို့ ကျောင်းသားတွေက ပိုပြီး သစ္စာမဖောက်တဲ့အကြောင်း ကျောင်းသားတွေ ပိုပြီးသိရှိ နားလည်ပြီးတော့ အဲဒါကို ခံယူပါလို့ ကျနော် အဲဒီလိုပဲ ပြောချင်တယ်”

ဆက်လက်ဖော်ပြပါမယ်။



No comments: