Tuesday, March 29, 2011

‘၈၈’ မတ်လ ကျောင်းသားလှုပ်ရှားမှု (၆)

https://lh5.googleusercontent.com/-1QEXxnWInBk/TYwLWjzm9xI/AAAAAAAAIhU/gePDKExDRqQ/s1600/march+88a.jpg 
"ဆိုလိုတာကတော့ လူငယ်စိတ်နဲ့ ကျောင်းသားစိတ်နဲ့ ကျနော်တို့က ခံစရာရှိရင် ကျနော်တို့ ရင်ဆိုင်ပစ်လိုက်မယ်ပေါ့။ ရမယ့်အကျိုးအမြတ်ဟာ တိုင်းသူပြည်သားတွေ အားလုံးအတွက် ကျနော်တို့ နိုင်ငံအတွက် ကောင်းမယ်ဆိုရင် ကျနော်တို့ ရင်းသင့်တာကို အကုန်လုံးရင်းပြီးလုပ်မယ်လို့ ကျနော်တို့ ဒီလို အခြေခံစိတ်နဲ့ လုပ်တာပါ"

ဒီကနေ့ နိုင်ငံရေးအခင်းအကျင်းတွေကို ဦးတည်ဖြစ်ပေါ်စေခဲ့တဲ့ မတ်လ ကျောင်းသား လှုပ်ရှားမှု ဖြစ်ပျက်ခဲ့တာ ၁၇ နှစ်ရှိခဲ့ပါပြီ။ ဒီ ၁၇ နှစ်တာ ကာလမှာ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ၁၆ နှစ် ကိုဇော်ဝင်း၊ ကိုပြုံးချို၊ ကိုဌေးကြွယ် စတဲ့ ကျောင်းသားခေါင်းဆောင်တွေ ဆိုရင်လည်း ၁၄ နှစ် ၁၅ နှစ် နီးပါး နအဖရဲ့ အကျဉ်းထောင် တွေထဲမှာနေထိုင် ဖြတ်သန်းခဲ့ရပါတယ်။

ဒီနေရာမှာ ကြားဖြတ်ပြီး ဆိပ်ဖလူးရနံ့ အကျဉ်းထောင်ဆိုတာ ပစ္စုပ္ပန် ဆိုတာမရှိဘဲ အတိတ်ကိုပဲ ပြန်လည်တွေး မိတဲ့နေရာတခုပါလို့ ဆရာဒဂုန်တာရာ တင်စားခဲ့တာကို အရင် တင်ပြလိုပါတယ်ခင်ဗျာ။


ဆိပ်ဖလူးရနံ့ သင်းတဲ့နေရာ ဘယ်သူမှမတွေ့ရပဲကိုး၊ အဲဒီနေရာရောက်တဲ့အခါကျတော့ ကိုယ့်ရဲ့ ရိုက်ခတ်မှုက နည်းသွားပြီ အပြင်မှာနေတဲ့ ပြင်ပလောက ရိုက်ခတ်မှုအမျိုးမျိုးနဲ့ တွေ့ကြုံရတော့ ဒီရိုက်ခတ်မှုအလိုက် တုံ့ပြန်ကျတာကိုး။

ဒီအထဲရောက်သွားတဲ့အခါကျတော့ ဆိပ်ဖလူးရနံ့ သင်းတဲ့နေရာရောက်သွားတဲ့အခါကျတော့ သူက ငြိမ်သွားပြီ သူက။ ကိုယ့်ရဲ့တိုက်ခတ်မှုက သိပ်မရှိတော့ဘူး။ မရှိသလောက် ဖြစ်သွားတဲ့အခါကျတော့မှ ဟိုဒင်းလိုပေါ့ဗျာ၊ ရုပ်ရှင်ထဲမှာပါ ဘာခေါ်လည်း ပြန်ပြီးတော့ ဟို Show ပြန်ပြရသလို ဖြစ်သွားတယ်ဗျ။

အဲဒီလို မြင်နည်းမျိုးက ကြာမှ အတိတ်ကိုကြည့်ရင် မြင်တတ်တာ။ အတိတ် ပြန်စဉ်းစားမှ အတိတ်ထက်ကိုက ပစ္စုပ္ပန်ကိုးဗျ။ အခု လက်ငင်းကိုး အခုလက်ငင်းဟာ နောင် အနာဂတ် ဖန်တည်းတော့မယ့် လူငယ်တိုင်းဟာ နောင်အနာဂတ်မှာ လူကြီးဖြစ်မှာဆိုတော့ အဲဒီ အနာဂတ်အသစ်ကို ဖန်တီးဖို့အတွက် အတိတ်အဟောင်းကို ကြည့်မှ ဒီထက်သာလွန်တဲ့ အဖက်ဖက်မှာ သာလွန်တဲ့ ခေတ်တခေတ်ကို ထူထောင်တဲ့စိတ်က ပြင်းထန်လာမှာ။

အဖက်ဖက်က သာလွန်တဲ့ ခေတ်တခေတ်ထူထောင် နိုင်ဖို့အတွက် ဆိပ်ဖလူးရနံ့သင်းတဲ့ နေရာတွေမှာ ၁ဝ စုနှစ်တစုကျော် ဖြတ်သန်းနေထိုင်ခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင်တွေအနေနဲ့ရော လွန်ခဲ့တဲ့ ၁၇ နှစ်က အတိတ်ရဲ့ပုံရိပ်တွေကို ဘယ်လိုပြန်တွေး ဘယ်လိုပြန်လည် သုံးသပ်နိုင်ခဲ့ကျပြီလဲ။

ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျာ၊ ကိုဌေးကြွယ် နဲ့ ကိုပြုံးချို တို့ရဲ့ ပြန်လည်သုံးသပ်ချက်တွေကို ကျနော်တို့ နားဆင်ကြည့်ရအောင်လားခင်ဗျား။

၁၇ နှစ် ဖြတ်သန်းခဲ့ရပြီ ဆိုတဲ့အခါကျတော့ ကျနော်တို့တတွေဟာ အတိတ်ကို ပြန်ပြီးတော့ ခေါင်းအေးအေးနဲ့ ပြန့်ကြည့်နိုင်တဲ့ မျက်လုံးမျိုးတော့ ကျနော်တို့မှာတော့ ရှိလာပါပြီ။ နောက်တခုက ကျနော်တို့တတွေဟာ သင့်တော်မယ့်လမ်းကို ရင့်ကျက်တဲ့ ဦးနှောက်နဲ့ ရွေးချယ်တတ်ဖို့ ကျနော်တို့ဟာ ကြိုးစားလာနိုင်ပြီလို့ ကိုယ့်ကိုကိုယ်တော့ ဒါဟာ ကြိုးစားသင့်တယ်လို့ ကိုယ့်ကိုကိုယ်လည်း သတိပေးနေရပါတယ်။

ဆိုလိုတာကတော့ ဒီလောက် အနှစ် ၂ဝ နီးပါး ရောက်ပြီပေါ့ဗျ။ ဒီလောက် ဖြတ်သန်းလာကျပြီဆိုတဲ့ အခါကျတော့ ကျနော်တို့မှာ ခါးသီးတဲ့ အတွေ့အကြုံများပါတယ်။ ကျနော်တို့ဆိုရင် တဦးတည်း နေခဲ့ရတဲ့သူရော ထောင်ထဲမှာ နှစ်ရှည်လများ ၁ဝ နှစ်ကျော်နေခဲ့ရတဲ့သူက အများစုဟာ အဲဒီလို နေလာခဲ့ကျတယ်ဆိုတော့ ကျနော်တို့က ရင့်ကျက်မှုဆိုတဲ့ စကားလုံးကို ကျနော်တို့ဟာ မြက်နိုးတက်နေပါပြီ။

အဲဒီတော့ ရင့်ကျက်တယ်ဆိုတဲ့ နောက်ကွယ်မှာ ဘာတွေပါလာသလဲဆိုတော့ သဘောထားကြီးမှု၊ အမျှော်အမြင်ရှိမှု၊ အပြန်အလှန် နားလည်တတ်မှု၊ ကိုယ့်အတွက်ပဲ ကိုယ်မစဉ်းစားပဲနဲ့ အများအတွက် စဉ်းစားတတ်မှု ဒါတွေတော့ ကျနော်တို့မှာ မွေးမြူပြီးတော့ ရင့်ကျက်နေပါတယ်။

အဲသလို အားသာချက်တော့ ရှိကောင်းရှိနိုင်တယ်လို့ ကျနော် ယူဆပါတယ်။ ဆိုလိုတာကတော့ ဟိုတုန်းကတော့ ကျနော်က အဲဒီအချိန်မှာ တတိယနှစ်ကျောင်းသားပေါ့ ဆိုတော့ ကျနော်တို့မှာ ငယ်စိတ်ရှိတယ်ဆိုလိုတာက လူငယ်သဘာဝပေါ့ဗျ။ လူငယ်တွေရဲ့ သဘာဝအတိုင်း ကျနော်တို့မှာ အပြည့်အဝရှိမှာပေါ့ ဆိုတဲ့အခါကျတော့ ကျနော်တို့က လုပ်ဖို့ ကိုင်ဖို့ တွန်းတွန်းတိုက်တိုက် သွားဖို့ ဝန်မလေးဘူးပေါ့ဗျ။ ဆိုတဲ့အခါကျတော့ ကျနော်တို့ရဲ့ လုပ်နည်းလုပ်ဟန်တွေဟာ ရင့်ကျက်မှုတွေ ကနေပြီးတော့ ရင့်ကျက်မှု လိုကောင်းလည်း လိုနိုင်ပါတယ်။

ဒါပေမယ့် ကျနော်တို့က အခြေခံကတော့ ကျနော်တို့က ရိုးသားမှုကို အခြေခံဖို့ကတော့ ကျနော် အာမခံနိုင်ခဲ့တယ်ဗျ။ ဒါဟာ ကျောင်းသားထုအားလုံးရဲ့ ကိုယ်စားကို ကျနော် ပြောတာပါ။ ကျနော်တို့မှာ ကိုယ်ရေးကိုယ်တာအတွက် တဦးချင်းအတွက်၊ ဒါ ကျနော်တို့ ဘာမှမျှော်မှန်းချက်တွေ မရှိခဲ့ဘူး။

ကျနော်တို့ခေတ်ကို ပြန်ကြည့်လိုက်လေ တောက်လျှောက်မှာ အရင်တုန်းကဆိုလို့ရှိရင် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ ကျောင်းသားတွေ လုပ်ကျပြီ ဆိုလို့ရှိရင် ဘာမှ ဆုလာဘ်ဆိုတာ မရှိဘူးဗျ။ ကျနော်တို့က တုတ်ပဲရမယ်၊ ဘယ်တော့မှ ဆုရမယ်ဆိုတာ မရှိပါဘူး။ ကျနော်တို့ ဒါပေမယ့် လုပ်ခဲ့ကျတာပဲ။

ဆိုလိုတာကတော့ လူငယ်စိတ်နဲ့ ကျောင်းသားစိတ်နဲ့ ကျနော်တို့က ခံစရာရှိရင် ကျနော်တို့ ရင်ဆိုင်ပစ်လိုက်မယ်ပေါ့။ ရမယ့် အကျိုးအမြတ်ဟာ တိုင်းသူပြည်သားတွေ အားလုံးအတွက် ကျနော်တို့ နိုင်ငံအတွက် ကောင်းမယ်ဆိုရင် ကျနော်တို့ ရင်းသင့်တာကို အကုန်လုံးရင်းပြီးလုပ်မယ်လို့ ကျနော်တို့ ဒီလို အခြေခံစိတ်နဲ့ လုပ်တာပါ။

လုပ်တယ်ဆိုတဲ့ နေရာမှာတော့ လုပ်နည်းလုပ်ဟန်တွေအရတော့ ကျနော်တို့တတွေဟာ တကယ်တော့ တတ်သိနားလည်လွန်းလို့တော့ မဟုတ်ဘူးဗျ။ ကျနော်တို့ လေ့လာထားသလောက် ကျနော်တို့ သင်ယူ ဆည်းပူးသလောက်နဲ့ ကျနော်တို့တတွေဟာ အကောင်းဆုံးဖြစ်အောင်တော့ လုပ်ခဲ့ကျတာပဲ။ ဒီအခါမှာ ကျနော်တို့ တတွေမှာ အားနည်းချက်တွေလည်း ရှိကောင်းရှိပါလိမ့်မယ် ချို့ယွင်းချက်တွေ ရှိပါလိမ့်မယ်။


ဆက်လက်ဖော်ပြပါမယ်။

No comments: