Wednesday, March 30, 2011

‘၈၈’ မတ်လ ကျောင်းသားလှုပ်ရှားမှု (၇)

"ကျနော်တို့ ကျောင်းသားတွေမှာ အားနည်းချက်တွေ ရှိခဲ့ပါတယ်။ အဓိက ကတော့ နားလည်မှုတွေ အားနည်းခဲ့တယ်။ ထိတွေ့မှုတွေ အားနည်းခဲ့တယ်။ နိုင်ငံရေးပါး မဝဘူးပေါ့ဗျ။ အတွေ့အကြုံ အားနည်းမယ်။ နိုင်ငံရေးအတွေးအခေါ် အားနည်းမယ်။ ထိတွေ့မှုတွေ အားနည်းမယ်။ ဒါတွေက ရှိခဲ့တယ်။ အားသာချက်တွေအနေနဲ့ ပြောရရင် ..."

အားနည်းချက် အားသာချက်ဆိုတဲ့နေရာမှာ ကျနော်တို့ ကျောင်းသားတွေရဲ့ ပင်ကိုဗီဇပေါ့နော်။ အမှန်တရားကို လိုလားတယ် ပျော်ရွှင်မှုပေါ့နော်၊ စာပေကိုသင်ကြားမှု ဒါ ပင်ကိုသဘာဝကိုး။ နိုင်ငံရေးကို သိပ်နားမလည်ဘူးဗျ … ကျနော်က အစပေါ့ဗျ။

ကျနော်တို့ နားလည်တာ ဘာကိုနားလည်သလဲဆိုတော့ မမှန်တာကို နားလည်တယ်ဗျ။ မကောင်းတာကို နားလည်တယ်ဗျ။ အဲဒီ မမှန်တာကို စိတ်တိုတယ်ဗျ။ မကောင်းတာကို လက်မခံဘူးဗျ။

ဒီသဘောတရားပေါ့နော် အဲဒီ သဘောတရားအပေါ်အခြေခံပြီး လုပ်တဲ့အခါကျတော့ လုပ်နည်းလုပ်ဟန် အတိုင်းပေါ့နော်၊ ကျနော်တို့ ကျောင်းသားတွေမှာ အားနည်းချက်တွေ ရှိခဲ့ပါတယ်။


အဓိက ကတော့ နားလည်မှုတွေ အားနည်းခဲ့တယ်။ ထိတွေ့မှုတွေ အားနည်းခဲ့တယ်။ နိုင်ငံရေးပါး မဝဘူးပေါ့ဗျ။ အတွေ့အကြုံ အားနည်းမယ်။ နိုင်ငံရေးအတွေးအခေါ် အားနည်းမယ်။ ထိတွေ့မှုတွေ အားနည်းမယ်။ ဒါတွေက ရှိခဲ့တယ်။ အားသာချက်တွေအနေနဲ့ ပြောရရင် အခုနက ပြောသလိုမျိုး အမှန်တရားကို လိုလားမှု၊ မကောင်းတာကို ကာကွယ်လိုမှု၊ လွတ်လပ်မှုကို လိုလားမှု၊ ဒါတွေကတော့ အားသာချက်တွေပေါ့။

အခုအနေအထားကတော့ အကောင်းဘက်ကို ဦးတည်ပါတယ်။ အကောင်းဘက်ကို ဦးတည်တယ်ဆိုတာ အရင်တုန်းကတော့ အသက်တွေကလည်း ငယ်ကြတယ်လေ၊ နောက် သဘောတွေကလည်း အရမ်းများကြတယ်၊ နောက် စိတ်တိုတဲ့သူတွေလည်း ဖြစ်ကြတယ်။ နောက် ကျနော်တို့ အထဲထဲကို ပြန်ရောက်တဲ့အခါမှာကြတော့ အကုန်လုံးကို ပြန်ပြီးတော့ ရီဗျူး ပြန်လုပ်ကြတယ်ပေါ့နော်။

အထဲထဲရောက်တော့ ပြန်တွေ့ကြတယ် ပြောကြ ဆိုကြတာပေါ့။ ဆိုလိုတာကတော့ ဥပမာဆိုလို့ရှိရင် ဒီ ဒေါင်းအလံတခုကို လှဲလိုက်ပြီဆိုလိုက်တာနဲ့ အချင်းချင်းအောက်မှာ လက်တွဲမိဖို့ အဆင်သင့်ဆိုတာ ကျနော်တို့ သဘောပေါက်သွားကျတယ်။ (သီချင်းသံ)

၁၉၈၈ ခုနှစ် ကာလမှာကျတော့ ကျနော်တို့မှာ အဖြစ်အပျက်တွေက အဲဒီအချိန်မှာ အရမ်း မြန်နေတယ်လေဗျ။ အရမ်းမြန်နေတဲ့ကြားထဲမှာ မီအောင်လိုက်ကျရတယ်။ နီးစပ်ရာ စုစည်းခဲ့ကြတယ်။
အဲဒီကနေပြီးတော့ ကွဲပြဲမှုပုံစံမျိုးတွေ ဖြစ်ခဲ့ကြတယ်။

ဒါတွေဟာ လွန်ခဲ့တဲ့ ၁၇ နှစ်မှာ ကျန်ခဲ့ပြီလို့ပဲ ကျနော်မြင်ပါတယ်။ ပြီးတော့ ကျနော်တို့တတွေက ဒီ ဖြတ်သန်းမှုတွေကနေပြီးတော့ အားလုံး ဒီကျောင်းသားအားလုံး အခုအချိန်မှာတော့ တသွေးတည်း၊ တသားတည်း၊ တသံတည်း ရှိနေပါပြီ။

ထောင်ထဲမှာ ဆုံမိတဲ့အခါကျတော့မှ ဟိုအဖြစ် ဒီအဖြစ်တွေ ဟိုအကြောင်းတွေ ဒီအကြောင်းတွေ ပြောရင်း ဆိုရင်းနဲ့ အဖြစ်မှန်ကို သိလာကျတာကိုး။ အဲဒီတော့ နားလည်မှုတွေ ပိုရလာခဲ့တာပေါ့နော်။
ကျနော်တို့ကြားမှာ နားလည်မှုလွဲမှားမှုဆိုတာ အခုအချိန်မှာ ပြဿနာတခုအနေနဲ့ လုံးဝ မရှိပါဘူး။ ကျနော်တို့သွားချင်တဲ့ ကျနော်တို့လမ်းကြောင်းပေါ်မှာ ကျနော်တို့ ညီညီညွတ်ညွတ် ရပ်နေပါတယ်။ အဲဒါကလည်း ကျနော်တို့ အထူးတလည် ကျနော်တို့အနေနဲ့ ကြိုးစားစရာ မလိုတော့ဘူးဗျ။

ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ဟာ လုံလောက်တဲ့ ကာလတခုကို ဖြတ်သန်းပြီးသွားပြီ။ အဲဒီအတွက် ကျနော်တို့မှာ တဦးနဲ့တဦးမှာ အမြင် ကြည်ကြည်လင်လင် ရှိတယ်။ ကျနော်တို့ ရပ်တည်ချင်တဲ့ ရပ်တည်မှု ကျနော်တို့ ရွေးချယ်ထားတဲ့ လမ်းကြောင်းပေါ်မှာ ကျနော်တို့ ဖြောင့်ဖြောင့်တန်းတန်း လျှောက်သွားနိုင်ဖို့ ကျနော်တို့မှာ အားလုံး တညီတညွတ်တည်း ရှိပါတယ်။

ကျနော်တို့ဆီမှာ မလိုလားအပ်တဲ့ ပြန်လည် စူးစိုက်မှုတွေ ကျနော်တို့ မလုပ်ကျဘူး။ ရှေ့ ကျနော်တို့ တိုင်းပြည်ကောင်းအောင် ဘာလုပ်ပေးနိုင်မလဲ၊ ဒါကိုပဲ ကျနော်တို့ စဉ်းစားကြပါတယ်။ ဒီအခါမှာလည်း ကျနော်တို့က အလကားနေရင်း ဆူပူချင်နေတဲ့ လူတွေတော့ မဟုတ်ဘူးဗျ။ ဒါတော့ သေချာတယ်ဗျ။

အဲဒီတော့ ကျနော်တို့ တိုင်းပြည်ကောင်းအောင် ကျနော်တို့ ဘာလုပ်ပေးနိုင်မလဲ တိုင်းပြည်ကို အငြင်သာဆုံးနည်းနဲ့ အကောင်းဘက်ကို ပြောင်းလဲသွားနိုင်အောင် ကျနော်တို့ ဘာလုပ်နိုင်မလဲ၊ ဒါကိုတော့ ကျနော်တို့ ဒီကနေ့ ဆွေးနွေးနေကျတာတော့ အမှန်ပဲဗျ။ ကျနော်တို့ စဉ်းစားနေကျတာတော့ အမှန်ပဲ။

ဆက်လက်ဖော်ပြပါမယ်။

No comments: