အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်တွေဟာ လာမယ့် နိုဝင်ဘာ ၁၃ ရက် စနေ့နေ့မှာ ပြန်လည် လွတ်မြောက်လာတော့မယ့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့အတွက် ပါတီဌာနချုပ်ရှိ သူရဲ့ရုံးခန်းကို ပြင်ဆင်မှုတွေ ပြုလုပ်နေကြပါတယ်။ဒါ့ပြင် ဒေါ်စုလွတ်မြောက်လာရင် တွေ့ဆုံနိုင်ဖို့အတွက် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းတို့က အဖွဲ့ချုပ်ဝင်တွေလည်း ရန်ကုန်ကို ရောက်နေကြတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၃ ခုနှစ် မေလ လုပ်ကြံတိုက်ခိုက်ပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပြန်လွတ်မြောက်တော့မယ့်အချိန်မှာ အမေရိကန်နိုင်ငံသား ဂျွန်ယက်တော ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲ ခိုးဝင်ခဲ့မှုကြောင့် နေအိမ်အကျယ်ချုပ် ချိုးဖောက်တယ်ဆိုပြီး စစ်အာဏာပိုင်တွေက ထောင်ဒဏ် ၃ နှစ် ထပ်စီရင်ခဲ့ပါတယ်။
ဒါပေမယ့် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့အမိန့်နဲ့ ပြစ်ဒဏ် ၁၈ လ လျော့ပေါ့ပေးထားခဲ့တာကြောင့် လာမယ့် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ချမှတ်ထားတဲ့ပြစ်ဒဏ်ရဲ့ ထက်ဝက်ပြည့်ပြီဖြစ်လို့  ပြန်လွှတ်ပေးရမှာ ဖြစ်ပါတယ်။
Photo : AP, Reuters, Getty Images











No comments:
Post a Comment