Saturday, November 27, 2010

အာရှအားကစားပွဲမှာ မြန်မာ ရွှေတံဆိပ်နှစ်ဆုရ

စနေနေ့က တရုတ်နိုင်ငံမှာ ပြီးဆုံးသွားတဲ့ ၁၆ ကြိမ်မြောက် အာရှအားကစား ပွဲတော်မှာ မြန်မာအသင်းက ပိုက်ကျော်ခြင်းမှာ ရွှေတံဆိပ် ၂ ခု အပါအဝင် စုစုပေါင်း ဆုတံဆိပ် ၁၀ ခု ရရှိခဲ့ကြောင်း သိရပါတယ်။






အမျိုးသား ပိုက်ကျော်ခြင်း ဗိုလ်လုပွဲမှာ မြန်မာနဲ့ တောင်ကိုရီးယားအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး အမျိုးသမီး ပိုက်ကျော်ခြင်း ဗိုလ်လုပွဲမှာတော့ မြန်မာအသင်းနဲ့ တရုတ်နိုင်ငံအသင်းတို့ ကစားခဲ့ကြတာပါ။ ဒီ နှစ်ပွဲစလုံးမှာ မြန်မာက ရွှေတံဆိပ်ရရှိခဲ့တာ ဖြစ်ပါတယ်။




ဘိလိယက်ထိုးပြိုင်ပွဲ၊ နဂါးလှေပြိုင်ပွဲနဲ့ ဝူရှုးပွဲတွေမှာ မြန်မာအသင်းက ငွေတံဆိပ် ၅ ခု၊ ဘိလိယက်နဲ့ ပိုက်ကျော်ခြင်းခတ် ပြိုင်ပွဲတွေမှာ ကြေးတံဆိပ် ၃ ဆုရရှိခဲ့တဲ့ အတွက် မြန်မာအသင်းက ရွှေ၊ ငွေ၊ ကြေး စုစုပေါင်း ၁၀ ခုရခဲ့တာ ဖြစ်ပါတယ်။




အာရှနိုင်ငံပေါင်း ၃၅ နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ အာရှအားကစားပြိုင်ပွဲတွေမှာ တရုတ်နိုင်ငံက ဆုတံဆိပ်ပေါင်း ၄၁၆ ဆုနဲ့ ဆုအများဆုံးရရှိတဲ့ နံပါတ် ၁ နိုင်ငံ ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံက ဆုအများဆုံးရတဲ့ဇယားမှာ နံပါတ် ၂၁ ရခဲ့တယ်လို့ သိရပါတယ်။

Photos: Getty Images, Reuters, AP

No comments: