Monday, November 22, 2010

အဖွဲ့ချုပ်က နအဖ စစ်အစိုးရကို တရားစွဲဆိုမှု ပယ်ချခံရ

“ပါတီ ဆက်လက်ရပ်တည်ခွင့်အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုဝင်ဘာ ၁၆ ရက်နေ့က ရန်ကုန်မြို့ ဗဟိုတရားရုံးချုပ်မှာ သွားရောက် ကျမ်းကျိန်ခဲ့ပါတယ်”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို နအဖ စစ်အစိုးရက ဖျက်သိမ်းကြောင်း ကြေညာခဲ့တဲ့အပေါ် NLD က ပြန်လည် တရားစွဲခဲ့တာကို တရားရုံးချုပ်က အဲဒီအမှုကို ဒီနေ့ ပယ်ချလိုက်တယ်လို့ သိရပါတယ်။

နေပြည်တော်မှာရှိတဲ့ တရားရုံးချုပ်ကနေ ပယ်ချလိုက်တာလို့ စစ်အစိုးရ အရာရှိတဦးကို ကိုးကားပြီးတော့ AFP သတင်းမှာ ဖော်ပြပါတယ်။

NLD အဖွဲ့ဟာ နိုဝင်ဘာ ၇ ရွေးကောက်ပွဲမှာ မပါခဲ့သလို ပါတီဆက်ပြီးတော့ မှတ်ပုံမတင်တဲ့အတွက် စစ်အစိုးရရဲ့ ဥပဒေသစ်အရ ပါတီကိုဖျက်သိမ်းကြောင်း နအဖ စစ်အစိုးရ က ကြေညာခဲ့တာဖြစ်ပါတယ်။

Photo : AP


No comments: