Friday, November 28, 2008

ကြည်အောင် (မိုးခေါင်တောက စစ်မောင်းသံ)


နွေဦးတစ်ထောင်၊ သံပူရောင်နဲ့
မိုးခေါင်တောဆီ တပ်ကြီးချီ။

ဒဟပ်နဲ့ငု၊ တပ်သစ်စုကြ
ပွင့်နုမညိုး၊ ပန်းမျိုးကုဋေ
စစ်ခြေ ခိုင်မြဲ၊ စစ်ပွဲအားမာန်
တော်လှန်ရိုက်ကျူး ရဲရဲဖူး။

နွေဦးစစ်ကွက်၊ မီးလျှံစက်လည်း
တပ်ပျက် ဆုတ်ခွာ၊ ခယောင်းယာထဲ
ငုဝါအောင်ပွဲ၊ ခြိမ့်ခြိမ့်သဲ။ ။

ချယ်ရီမဂ္ဂဇင်း

ဒီဇင်ဘာ၊ ၁၉၈၆ ခုနှစ်


No comments: