နှစ်နှောင်းလို့ အသစ်ပြောင်း
နှစ်ဟောင်းက အညစ်အကြေး
ဆေးကြောမယ့် သင်္ကြန်ရေ
မာပါစေ သာပါစေလို့
များသူငါ သဒ္ဓါစိတ်နဲ့ ရေစင်တွေလောင်း။
အတိတ်ကို ဖြတ်တဲ့လမ်းမှာ
လက်သရမ်းတဲ့ လက်ပံတန်းကစလို့
ခြောက်ဆယ့်နှစ် မှ ရှစ်ဆယ့်ရှစ်
ကိုးဆယ့်ခြောက်မှ နှစ်ထောင့်သုံး
အဆိုးဆုံး အဖြစ်အပျက်များ
မြေခသွားတဲ့ သွေးတွေ
ချွေးတွေ
ငိုကြတဲ့ မျက်ရည်တွေ
ညစ်ပေမှု အတိတ်ဟောင်းတို့ကို
ခေတ်ခြေနေ အသစ်ပြောင်းလို့
စိတ်ကောင်းနဲ့လောင်း။ ။
ထိန်လင်း
၁၄-၄-၂၀၁၅
သင်္ကြန် အကျနေ့
No comments:
Post a Comment