လက်ပံတောင်း
အသက်ပေါင်းများစွာစတေး
သွေးနဲ့မော်ကွန်းတင်
ရာဇဝင်သမိုင်းအသစ်
အရိုင်းတခေတ်ကို ကမ္ပည်းထိုးပြီ။
ဒါ ဒို့ရေ ဒါ ဒို့မြေ
ငါတို့တတွေပိုင်တဲ့ တောင်တွေကိုဖျက်
လယ်ကွက်မြေကွက် အဓမ္မလု
မမျှမတတဲ့ လူ့အခွင့်အရေး
အသက်ကိုပါပေးရတဲ့အဖြစ်
လက်ပံတောင်းတောင် စစ်တလင်း
သွေးချင်းချင်းနီ
ပြည်သူကိုသတ်တဲ့ ကျည်ဆံ
သမိုင်းကိုမှန်ပြီး ကျန်ခဲ့။
တောပျောက် တောင်ပျောက်
လယ်ပျောက် ယာပျောက်
ရွာပျောက် လူပျောက်
ဖျောက်ချင်တာ ဖျောက်
ပျောက်ချင်တာ ပျောက်
ဖျောက်တိုင်း မပျက်
ဖျက်တိုင်း မစင်
ရာဇဝင်ရိုင်း
သွေးသမိုင်းကို
ပြည်သူတွေ တွေးတိုင်းတွေးတိုင်း
နာကျည်းစေ။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)
၂၃၊ ၁၂ ၊ ၂၀၁၄

No comments:
Post a Comment